တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇဝတ်ပြစ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီးရန် လို အပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့
သံလွင်မြန်မာသတင်း
မေလ ၁၇
တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇတ်မှုပြစ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီရန် လိုအပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့ထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်ကောင်စီမှ လူမဆန်စွာဗုံးကြဲသတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယမန်နေ့ မေလ ၁၆ ရက် နေ့တွင် စစ်ကိုင်းဖိုရမ်က ပေးပို့သည့် အိတ်ဖွင့် ပေးစာ၌ ဖော်ပြထားခြင်းဖြစ်သည်။
မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ၊ စာသင်ကျောင်းပေါ်သို့ စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ကျောင်းသား ကျောင်း သူ ၂၂ ဦး နှင့်ဆရာမ နှစ်ဦးပွဲချင်းပြီးသေဆုံသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူကလေးငယ် ၁၀၀ ခန့်ရှိ ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်အုပ်က ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်ပြစ်မှုများထဲမှ ဖြစ်စဉ် သာဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်က အသိပေးထားသည်။
ဤသို့သောစစ်ရာဇဝတ်ပြစ်မှုများကျူးလွန်နေသမျှ လက်တွေ့အကျိုးသက်ရောက်နိုင်သည့် မည် သို့ သော ငြိမ်းချမ်းရေးလမ်းစမှ မဖြစ်ပေါ်နိုင်သလို မြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သစ်ကြီးအဖြစ် တည်ဆောက်ရန်လည်း မဖြစ်နိုင်ကြောင်း ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝန်း အ နေဖြင့် မဖြစ်မနေအသိအမှတ်ပြု၍ တားဆီးရန်လိုအပ်နေပြီဖြစ်ကြောင်း ဆက်လက်အသိပေးထား သည်။
အထူးသဖြင့် လားရှိုးမြို့အားစစ်အုပ်စုလက်ထဲပြန်အပ်ပေးစေသည်အထိ ဩဇာကြီးသော တရုတ်နိုင်ငံ အနေဖြင့် မြန်မာလူထု၏ အရေးကိုထောက်ထား၍ စစ်အုပ်စုအပေါ်ဖိအားပေးတားဆီးရန် လိုအပ် ကြောင်း၊ ဤသို့တားဆီးပေးခြင်းမရှိပါက စစ်အုပ်စု၏စစ်ရာဇဝတ်ပြစ်မှုကိုအားပေး ကူညီရာသက် ရောက် သဖြင့်နှစ်နိုင်ငံပြည်သူတို့၏ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးရေရှည် တည်တံနိုင်မှုအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်းအိမ်ဖွင့်ပေးစာပေးပို့ထားခြင်းဖြစ်သည်။
Thanlwin Myanmar Media