International News

International News

မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုသည် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ရှည် ကြာစေရုံသာမကစစ်မှန်သော ငြိမ်းချမ်းရေးကိုနှောင့်နှေးကြန့်ကြာစေမည်ဖြစ်ပြီး စစ်အုပ်စု မလွဲ မသွေ ကျဆုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ – SAC-M က ထုတ်ပြန် ပြောဆို

 

သံလွင်မြန်မာသတင်း

မေလ ၁၆

 

မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုသည် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ရှည် ကြာစေရုံသာမကစစ်မှန်သော ငြိမ်းချမ်းရေးကိုနှောင့်နှေးကြန့်ကြာစေမည်ဖြစ်ပြီး စစ်အုပ်စု မလွဲ မသွေကျဆုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ – SAC-M က ထုတ်ပြန်ပြောဆိုလိုက်သည်။

 

တရုတ်နိုင်ငံသည် ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ထပ်ခါတလဲလဲ အခိုင်အမာဆိုလေ့ရှိသော်လည်း မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၎င်း၏ ကြားဝင်စွက်ဖက်မှုများမှာ မိမိအကျိုးစီးပွား ကိုသာ ရှေးရှုနေကြောင်း ပြသနေကြောင်း၊ ထိုသို့သော လုပ်ရပ်များသည် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ (SAC-M) က ပြောကြားသည်။

 

ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ၊ တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားပေးမှု များကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဆုတ်ခွာရန် သဘောတူခဲ့ရကြောင်း သိရသည်။

စစ်တပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာဖြစ်သည့် လားရှိုးမြို့အား ၂၀၂၄ ခုနှစ်၊ သြ ဂုတ်လတွင် MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တို့က ညှိနှိုင်းပေါင်းစပ်၍ ထိုးစစ်ကြီးဆင်နွှဲ၍တိုက်ခိုက်ခဲ့ရာတော်လှန် ရေးတပ်ဖွဲ့ ဝင် အနည်းဆုံး ၅၀၀ ဦး ကျဆုံးကာ ၁၀၀၀ ဦးခန့် ဒဏ်ရာရရှိပြီး တစ်လအကြာတွင် သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

 

ယင်းအောင်မြင်မှုသည် တော်လှန်ရေး အင်အားစုများအတွက် အလွန်အမင်းအထိအခိုက် အဆုံး အရှုံးများ ရှိခဲ့သော်လည်း၊ မြန်မာစစ်တပ်အဖို့မူ သမိုင်း တလျှောက် အထင်ရှားဆုံး ရှုံးနိမ့်မှုကြီးများ ထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု ဆိုသည်။

 

တော်လှန်ရေးအင်အားစုများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်များဆင်နွှဲကာ စစ်အုပ်စုထံမှ ပိုင်နက် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ထိုသို့သိမ်းပိုက်နိုင်ခဲ့သော ပိုင်နက်များ တွင် အကျိုးအမြတ်များသော နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများ၊ အဓိကကျသော တရုတ် ကျောထောက် နောက်ခံပြု အခြေခံအဆောက်အအုံများ၊ ဒါဇင်နှင့်ချီသော မြို့များနှင့် စစ်စခန်း ရာ ပေါင်းများစွာတို့ ပါဝင်ကြောင်း၊ လားရှိုးမြို့အောင်ပွဲသည်လည်း ဤထိုးစစ်များ၏ အရေးပါသော အ စိတ်အပိုင်းတစ်ခုပင် ဖြစ်ကြောင်း SAC -M က ပြောဆိုထားသည်။

 

MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မြို့လွတ် မြောက်ရေး အတွက် အသက်ပေးခဲ့ကြသော တော်လှန်ရေးသမား ရာပေါင်းများစွာ၏ ပေးဆပ်စွန့် လွှတ်မှုများကို သစ္စာဖောက်ခြင်းပင်ဖြစ်ပြီး ဤဆုံးဖြတ်ချက်သည် အန္တရာယ်ရှိ၍ အဖျက်သဘော ဆောင်သော ရှေ့ပြေး သာဓက အသွင်တရပ်ကိုလည်း ဖြစ်ပေါ်စေကာ MNDAA ၏ တော်လှန်ရေး တိုက်ပွဲနှင့် စစ်အုပ်စုအပေါ်လုံးဝအောင်ပွဲခံရေးဟူသော ကတိကဝတ်ကို ထိခိုက်စေကြောင်း အသိ ပေးထားသည်။

 

ထို့အပြင် ဤဆုံးဖြတ်ချက်ကြောင့် လားရှိုးမြို့ခံများသည် စစ်အုပ်စု၏ လက်တုံ့ပြန်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှု များ၏ ပိုမိုကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေရှိလာပြီး မြို့ခံအများအပြားမှာ ယခင် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ထောက်ပြထား သည်။

 

MNDAA အနေဖြင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်မှုများ ရပ်တန့်ကာ လားရှိုးမြို့မှ ဆုတ်ခွာစေရန် တရုတ်နိုင်ငံက အတင်းအကျပ် ဖိအားပေးခဲ့ပြီး ထိုသို့ဖိအားပေးရာတွင် တရုတ်အာဏာပိုင်များက နယ်စပ်ဂိတ်များပိတ်ခြင်း၊ MNDAA ထိန်းချုပ်နယ်မြေများသို့ လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက် ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တရုတ်နိုင်ငံက စစ်အုပ်စုအား တိုက်လေယာဉ်များ ထောက်ပံ့ပေးခဲ့ပြီး ၎င်းလေယာဉ်များ ဖြင့် စစ်အုပ်စုက လားရှိုးမြို့နှင့် MNDAA ထိန်းချုပ်မှုအောက်ရှိ အခြားနေရာများအပါအဝင် မြန်မာ နိုင် ငံတဝန်းလုံးကို မရပ်မနား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ဤလုပ်ရပ်များသည် အခြားနိုင်ငံများ ၏ ပြည်တွင်းရေး၌ မစွက်ဖက်ဟူ၍ တရုတ်နိုင်ငံက ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ရှိသော အခြေခံမူနှင့် ဆန့်ကျင် လျက်ရှိပြီး တရုတ်နိုင်ငံက လိမ်ညာနေခြင်းဖြစ်ကြောင်း SAC – M က ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့ပဋိပက္ခတွင် လားရှိုး မြို့ကို လက်လွှတ်ခဲ့ရခြင်းသည် တရုတ်အစိုးရ၏ တိုက်ရိုက်အကျဆုံး ကြားဝင်စွက်ဖက်မှုပင် ဖြစ်ပြီး ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ၊ ဧပြီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လားရှိုးမြို့သို့ လာရောက်ခဲ့ ကြောင်း၊ ၎င်းတို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ စစ်အုပ်စုတပ်များ မြို့သို့ ပြန်လည်ဝင်ရောက် ခြင်းကို ကြီးကြပ်ရန်နှင့် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်စစ်ဆေးရန် ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအရေး၌ နှစ်ဖက်မျှသောမူဝါဒကို ကျင့်သုံးနေသည်ဟု ရှုမြင်နိုင်သော် လည်း စစ်အုပ်စုကို ကျောထောက်နောက်ခံပြုခြင်းမှာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားကိုပင် ဆန့်ကျင်ထိခိုက် စေလျက်ရှိကြောင်း၊ စစ်အုပ်စုသည် မြန်မာနိုင်ငံကို ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ် ပေါ်စေသည့် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေး အကျပ်အတည်းအတွင်းသို့ ကျရောက်စေခဲ့သောကြောင့်ဖြစ်ကြောင်း SAC – M က ထောက်ပြထားသည်။

ဤအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေး အကျိုးစီးပွားများမှာ လည်း လမ်းလွဲခဲ့ရပြီး ထို့ထက်မက စစ်အုပ်စုသည် တရုတ်နယ်စပ်ဒေသများတွင် လေကြောင်းတိုက် ခိုက်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရာ အချို့မှာ တရုတ်ပိုင်နက်ကိုပင် ထိခိုက်ခဲ့သည်ဟု ဆိုသည်။

 

ဥပမာအားဖြင့် လွန်ခဲ့သည့်လက ရှမ်းပြည်နယ်တွင် ငလျင်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တ ရုတ် ကြက်ခြေနီ ယာဉ်တန်းတစ်ခုကို စစ်အုပ်စုတပ်များက ပစ်ခတ်ခဲ့ပြီး ဤသည်မှာ ပေါ့လျော့စွာ ဖြင့်ပင် တွေ့လျှင်တွေ့ချင်း ပစ်ခတ်သည့် (shoot-first) မူဝါဒအားကျင့်သုံးကြောင်း ပြသခြင်းပင် ဖြစ်ကြောင်း ထောက်ပြထားသည်။

 

လားရှိုးမြို့မှ ဖြစ်ရပ်များသည် တော်လှန်ရေး လေးနှစ်အကြာတွင် စစ်အုပ်စု မည်မျှ အားနည်းလာ သည်ကို ပိုမို ထင်ရှားစေပြီး စစ်အုပ်စု၏ဆုံးရှုံးမှုများ ဆက်တိုက် များပြားလာနေချိန်တွင်၊ ယခင်က တော်လှန်ရေး အင်အားစုများထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်အုပ်စု၏ အဓိကကျသော မဟာ ဗျူဟာမြောက် ပိုင်ဆိုင်မှုများ အပေါ် အမည်ခံရုံ ထိန်းချုပ်မှုမျှ ပြန်လည်ရရှိရန်အတွက်ပင် ယခုအခါ စစ်အုပ်စုသည် နိုင်ငံပြင်ပမှ ကြားဝင် စွက်ဖက်မှုအပေါ် လုံးဝ မှီခိုနေရသည့် ကိန်းသို့ ဆိုက်ရောက်နေ ကြောင်း အသိပေးထားသည်။

 

ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုအတွက် တရုတ်နိုင်ငံ၏ စစ်ရေးအထောက်အပံ့ပေးမှုနှင့် မြန်မာ နိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုမှာ လွဲမှားစွာ လောင်းကြေးထပ် ခြင်းတစ်ခု ပင်ဖြစ်ကြောင်း SAC-M ကအသိပေးထားသည်။

 

ဤသို့ လောင်းကြေးမှားထပ်ခြင်းက စစ်အုပ်စုကို ကယ်တင်နိုင်မည် မဟုတ်သည့်အပြင် မြန်မာပြည် သူလူထု၏ ဆင်းရဲ ဒုက္ခများကို ရှည်ကြာစေရုံသာမက စစ်မှန်သော ငြိမ်းချမ်းရေး ရောက်ရှိလာမှုကို လည်း နှောင့်နှေးကြန့်ကြာ စေမည်သာဖြစ်ပြီး စစ်အုပ်စု မလွဲမသွေ ကျဆုံးသည့်အခါတွင်မူ မြန်မာ ပြည်သူများသည် တရုတ်နိုင်ငံ မည်သည့်ဘက်က ရပ်တည်ခဲ့သည်ကို အသေအချာ မှတ်မိနေကြမည် ပင် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar – JFM က ထုတ်ပြန် သည်။ တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်...