International News

International News

စစ်ကောင်စီတပ်မှ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာ နိုင်ငံတွင် တရားစွဲဆိုနိုင်ရေး NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် SAC -M အဖွဲ့ဝင် ပမစ္စရန်ဟီးလီ တို့တွေ့ဆုံဆွေးနွေး

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာ နိုင်ငံတွင် တရားစွဲဆိုနိုင်ရေး NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် SAC -M အဖွဲ့ဝင် ပရော်ဖက်ဆာ မစ္စရန်ဟီးလီ တို့တွေ့ဆုံဆွေး နွေးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မေလ ၁၄ ရက်နေ့က တောင်ကိုရီးယားသမ္မတနိုင်ငံတွင် NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဦးအောင် မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တို့တွေ့ဆုံပြီး အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုများအား နိုင်ငံတကာ ခုံရုံး များနှင့် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် တရားစွဲဆိုအရေးယူနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။

 

အဆိုပါ ဆွေးနွေးမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံရှိ ရှေ့နေများနှင့် အရပ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စား လှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar – JFM က ထုတ်ပြန် သည်။ တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်...