International News

International News

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းဗုံးကြဲခံရမှုကြောင့် ကလေးသူငယ်များ သေ ဆုံးမှုအပေါ် ကုလအတွင်းရေးမှူးချုပ်က စိုးရိမ်ပြီး ပြင်းထန်စွာ ရှုတ်ချ

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းဗုံးကြဲခံရမှုကြောင့် ကလေး ငယ်များသေဆုံးမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်က စိုရိမ်ပြီး ပြင်းထန် စွ ပြစ်တင်ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်သည်။

 

မေလ ၁၂ ရက်နံနက် ၉ နာရီ ၃၅ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲချဲ့ရာ ဆရာမ ၂ ဦး ၊ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပြီး ၁၀၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်က စိုရိမ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ငလျင်လှုပ်ခတ်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက စာသင်ကျောင်းတခုကို မြန်မာ စစ် တပ်က လေကြောင်း တိုက် ခိုက်မှုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်မိကြောင်းနဲ့ အခု လို လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြေငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေဖို့ မြန်မာစစ်တပ်က အပစ် အခတ်ရပ်စဲရေးကို မေလ ၃၁ ရက်အထိ သက်တမ်း တိုးတယ်လို့ ကြေညာထားပေမယ့်လည်း ဒီဖြစ် စဉ် ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေချိန်မှာ စာသင်ကျောင်းတွေကို အကာအကွယ် ပေးရမှာဖြစ်ပြီး ဗုံးမကြဲဘဲ ကလေးများကို စာသင်ဖို့ စာသင် ကျောင်းတွေက လုံခြုံမှုရှိရပါတယ်။ အ ထွေထွေအတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး အပြည်ပြည်ဆိုင်ရာ လူသား ချင်းစာနာမှုဥပဒေအရ အရပ်သားတွေကို ကာကွယ်ရေးက အဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကို ထပ်မံ အတည်ပြုပါတယ်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarricက မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇဝတ်ပြစ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီးရန် လို အပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့   သံလွင်မြန်မာသတင်း မေလ ၁၇   တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇတ်မှုပြစ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီရန် လိုအပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့ထားကြောင်း သိရသည်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို...