International News

International News

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများတွင် အာစီယံအဖွဲ့ဝင်နိုင်ငံများမှဘီယီယံနာ သူဌေးကြီးများက ပူးပေါင်း ကူညီနေပြီး အာစီယံအနေဖြင့် မြန်မာငြိမ်းရေးမြှင့်တင်နေလို့ ပြောဆိုခွင့်မရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၃

 

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများတွင် အာစီယံအဖွဲ့ဝင်နိုင်ငံများရှိ ဘီလီယံနာသူဌေးကြီးများက ကူ ညီပေးနေပြီး အာစီယံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးမြှင့်တင်နေတယ်လို့ ပြောဆိုခွင့်မရှိကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

ယမန်နေ့ မေလ ၁၂ ရက်နေ့က မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် စစ်ဆင် ရေးကို အားပေးကူညီခဲ့သည့် အရှေ့တောင်အာရှတစ်လွှားမှ သူဌေးကြီးများအား အများပြည်သူသို့ ဖော်ထုတ်ရန်အတွက် “အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်း” ကို Justice For Myanmar က တည်းဖြတ်ထုတ်ပြန်လိုက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ၎င်းတို့၏ ဘုံသဘောထားငါးရပ်မှတဆင့် မြန်မာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဟု ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ဟန့်တားထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်သာမက ၎င်းတို့၏ အချုပ်အခြာ အာဏာပိုင်မှုအောက်ရှိ ကုမ္ပဏီများအား မြန်မာ စစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများကို ဆက်လက်ခွင့်ပြု ပေးခဲ့ကြောင်း ထောက်ပြထားသည်။

“စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေးဆက်နွှယ်မှုတစ်ခု အမြဲရှိနေ ပြီး၊ အဲ့ဒီစီးပွားရေးအီလစ်တွေအနေနဲ့ မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်။ အဲ့ဒီသူဌေးကြီးတွေက စစ်ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေသ၍ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးမြှင့်တင် နေပါတယ်လို့ ပြောခွင့်မရှိပါဘူး။ မြန်မာပြည်သူတွေက အနှစ်မဲ့ထိပ်သီးဆွေးနွေးပွဲတွေ၊ မအောင်မြင် တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေထက် ပိုပြီး ထိုက်တန်ပါတယ်။ သူတို့က ဒေသရပ်ဝန်းတစ်ခုလုံးမှာ ရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူဗဟိုပြုချဉ်းကပ်နည်းမှာ အခြေခံတဲ့ လုပ်ဆောင်ချက်တွေနဲ့ ထိုက်တန်ပါတယ်။ အဲ့ဒီချဉ်းကပ်နည်းကို အာဆီယံအနေနဲ့ ကြာ ကြာ မျက်ကွယ်ပြုနိုင်မှာ မဟုတ်ပါဘူး” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာ မောင်က ပြောကြားသည်။

 

အာဆီယံအစိုးရများနှင့် ၎င်းတို့၏ သူဌေးကြီးများက စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှု များတွင် ကြံရာပါနေမှုကို ပြသနေကြောင်း၊ ယခုအသစ်ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူများ” သည် အရှေ့တောင်အာရှတစ်လွှားရှိ ဩဇာ တိက္ကမကြီးမားသော သူဌေးကြီး ၁၂ ဦးရှိကြောင်း သိရသည်။

 

၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံး အဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေး အပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်ကြပြီး စစ်အုပ်စုနှင့် ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ၊ ခရိုနီကြီးများနှင့် ဆက်နွှယ်သော အဆိုပါစီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ဆင်ရေးကို အားပေးကူညီနေကြောင်း သိရသည်။

 

အဆိုပါအကြမ်းဖက်စစ်ဆင်ရေးတွင် စစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက် ရှိရှိ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက် မှုများ ပါဝင်ကြောင်း သိရသည်။

 

မတ်လ ၂၈ ရက်နေ့တွင် ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို ပို၍ပင် တိုးချဲ့လုပ်ဆောင်ခဲ့ပြီး၊ ငလျင်ဒဏ်ရိုက်ခဲ့သည့် ဒေသများကိုပင် မချန် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း ၅၀၀ ကျော်ကို လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

“လေးနှစ်အတွင်း အာဆီယံက မြန်မာပြည်သူတွေအတွက် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံ သ ဘောထား ၅ ရပ်က အရေးယူမှုမရှိ ပျက်ကွက်မှုတွေအတွက် ဆင်သားရေကို ဆိတ်သားရေနဲ့ ဖုံးတာ သာဖြစ်ပြီး၊ တစ်ဖက်မှာ အစိုးရအဖွဲ့ဝင် လူချမ်းသာတစ်စုက စစ်ရာဇဝတ်ကောင်တွေလက်ထဲကို စစ် လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဆက်ပြီး စီးဆင်းနေစေတာပါ။ ဒီဘီလီယံနာသူဌေးကြီးတွေက ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ အကျွမ်းတဝင်ရှိကြပြီး၊ အဖိုးတန် စီမံကိန်းကြီး တွေမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

အာဆီယံ အသက် ၃၀ အထက် မသာမာသူများစာရင်းတွင် ပါဝင်သော “ဂုဏ်သရေပျက်သူ” ၁၂ ဦးမှာ-

 

(၁) ရောဘတ်ကော့ခ် (မလေးရှား) – ရှန်ဂရီလာဟိုတယ်များအုပ်စုကို တည်ထောင်သူ၊ မလေးရှား နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ရှန်ဂလီလာဟိုတယ်အုပ်စုသည် မြန်မာစစ်အုပ်စုနှင့် အကျိုး မြတ်များသည့် မြေငှားစာချုပ်တစ်ရပ် ရှိထားသည်။

 

(၂) ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ (ထိုင်း) – Thai Beverage တည်ထောင်သူ၊ အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံတန်ဖိုးရှိ အဖျော်ယမကာလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြစ်သည့် TCC Group နှင့် Fraser & Neave တို့၏ ဥက္ကဌ ဖြစ်သည်။ ၎င်း၏ စီးပွားရေးလုပ်ငန်းသည် စစ်အုပ်စုထံ အခွန်အဖြစ် ဒေါ်လာ မီလီယံနှင့်ချီ၍ ပေးဆောင်ခဲ့သည်။

 

(၃) ငုယင်သီဖုအန်းသောင် (ဗီယက်နမ်) – VietJet Air ၏ စီအီးအိုနှင့် HD Bank ၏ ဒုတိယဥက္ကဌ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး ဘီလီယံနာသူဌေးတစ်ဦး ဖြစ်သည်။ HD Bank သည် မြန်မာစစ်အုပ်စု၏ အကျိုးအမြတ်များသော တယ်လီကွန်း အော်ပရေတာ Mytel ကို ငွေကြေးထောက်ပံ့ထားသည်။

 

(၄) ချက်ချိုင်းရန်ဘမ်ဝေါင် (ထိုင်း) – စစ်အုပ်စုနှင့် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ် လုပ်ကိုင်ပြီး၊ စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာသန်းချီ ပေးအပ်နေသည့် ကုမ္ပဏီ Northern Gulf Petroleum ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။

 

(၅) လီတိရှိ (စင်ကာပူ) – စစ်အုပ်စုအတွက် ငွေကြေးရွှေ့ပြောင်းရန်၊ စီးပွားရေးလုပ်ဆောင်ရန်နှင့် လက်နက်ဝယ်ယူရန် အားပေးကူညီခဲ့သည့် Oversea-Chinese Banking Corporation (OCBC) ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင် ဖြစ်သည်။

 

အဆိုပါသူဌေးကြီးများသည် ၎င်းတို့၏ ကြွယ်ဝလှသော ဘဝနေထိုင်မှုပုံစံများနှင့် နိုင်ငံတကာ ဂုဏ် သိက္ခာ ရှိသူများ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သောာ စစ်အုပ်စုနှင့် ၎င်း တို့၏ ဆက်နွှယ်မှုများအပေါ် အများပြည်သူမေးခွန်းထုတ်မှု အနည်းငယ်ကိုသာ အဓိကအားဖြင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

 

“အသက် ၃၀ အထက် မသာမာသူများစာရင်း” ထုတ်ပြန်မှုကို မေလ ၂၆-၂၇ တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ စတင်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ ထိပ်သီးဆွေးနွေး ပွဲတွင် ဒေသတွင်းခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများကို ဆွေးနွေးသွား မည်ဟု မျှော်မှန်းရကြောင်း အသိပေးထားသည်။

အာဆီယံသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ဖြေရှင်းရန် ကူညီပေးခြင်းထက် လက်တွေ့ တွင် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်း၊ စစ်ဘက်လေ့ကျင့်သင်ကြား မှုများ ပေးအပ်ခြင်း၊ ထိရောက်သည့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုများအား တားဆီးပိတ်ပင် ခြင်း၊ စစ်အုပ်စု၊ ၎င်းတို့မိတ်ဖက်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများအား မျက်ကွယ်ပြု ပေးထားခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား လောင်စာဖြည့်မီးထိုးပေးခဲ့သည်သာ ဖြစ်ကြောင်း ထောက်ပြထားသည်။

 

စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ ဝတ်မှုများတွင် အာဆီယံအဖွဲ့အား ကြံရာပါ ဖြစ်စေခဲ့ပြီး အာဆီယံအနေဖြင့် အဆိုပါလမ်းဟောင်းကို ပြောင်းလဲရန်အတွက် ယခုထက်ပိုသည့် ဖိအားများ လိုအပ်နေသေးကြောင်း Justice For Myanmar က ပြောဆိုသည်။

 

အာဆီယံအနေဖြင့် စစ်အုပ်စုအား ထိတွေ့ဆက်ဆံမှုနှင့် ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းရန်နှင့် စစ်အုပ် စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်အသုံးဆောင်ပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီ စီးဝင်မှုတို့အား ပိတ်ဆို့ရန်အတွက် ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများအား တွန်းအားပေးရန် Justice For Myanmar က တောင်းဆိုထားသည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၊ ၎င်းတို့ကုမ္ပဏီကွန်ရက်များနှင့် စီးပွားရေး လုပ်ဆောင် ခြင်း များကို ပိတ်ပင်ခြင်းဖြင့် ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ် ကြောင်း အသိပေးထားသည်။

 

၂၀၂၂ ခုနှစ်က သည် စင်ကာပူနိုင်ငံတွင် လုပ်ကိုင်နေသည့် စစ်လက်နက်ပွဲ စား ကုမ္ပဏီ ၃၈ ခုကို Justice For Myanmar က ၂၀၂၂ ခုနှစ်တွင် ဖော်ထုတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ကာပူနိုင်ငံသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅၄ သန်းဖြင့် မြန်မာနိုင်ငံသို့ တတိယအကြီးဆုံး စစ်လက် နက်ရောင်းချသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂက အစီရင်ခံခဲ့သည်။

 

ယင်းနောက်တွင် အရေးယူဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်း များနှင့် အစိုးရများအပေါ် ဖိ အားပေးရန်အတွက် #DoMoreSingapore လှုပ်ရှားမှုကို စတင် လုပ်ဆောင်ခဲ့ရာတစ်နှစ်ကြာပြီး အ ချိန် တွင် အများပြည်သူထံမှ ဖိအားများမြင့်တက်လာမှု၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ်၏ ဖိအားများရှိလာမှုကြောင့် ကုန်တင်ပို့မှုသည် ၈၃ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း သိရသည်။

 

ယင်းအချက်က အများပြည်သူ၏ ဖိအားပေးမှုများသည် အလုပ်ဖြစ်ကြောင်း ပြသနေပြီးယခုအခါ လူထုဖိအားကို အာဆီယံ တစ်ဝန်းလုံးသို့ တိုးချဲ့ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇဝတ်ပြစ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီးရန် လို အပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့   သံလွင်မြန်မာသတင်း မေလ ၁၇   တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇတ်မှုပြစ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီရန် လိုအပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့ထားကြောင်း သိရသည်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို...