International News

International News

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာစီယံအလှည့်ကျ ဥက္ကဌ ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့တွေ့ဆုံ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

 

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် အာဆီယံ အလှည့်ကျ  ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ တွေ့ဆုံ၍ လူသားချင်းစာနာမှု အကူအညီ ပေးရေး၊ အာစီယံအဖွဲ့ဝင်နိုင်ငံများနှ့င် ဆက်ဆံရေးတိုးမြှင့်ရေးနိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း NUG အစိုးရ တရားဝင်ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် Teleconference မှ တဆင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံအလှည့် ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အဆိုပါတွေ့ဆုံမှုတွင် အာဆီယံ  ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို လူသားချင်းစာနာထောက် ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...