International News

International News

ထိုင်းနိုင်ငံ၏ ရေနံကုမ္ပဏီ PTTEP အနေဖြင့် စစ်ရာဇဝတ်မှု၊ လူသတ်မှုများစွာ ကျူးလွန်နေသာ စစ်ကောင်စီနှင့် ပတ်သက်နေမှုကို ချက်ချင်း ရပ်တန့်ပေးရန် JFM တောင်းဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

ထိုင်းနိုင်ငံ၏ ရေနံကုမ္ပဏီ PTTEP အနေဖြင့် စစ်ရာဇဝတ်မှု၊ လူသတ်မှုများစွာ ကျူးလွန်နေသော စစ် ကောင်စီနှင့် ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးရန် Justice For Myanmarm – JFM က တောင်းဆိုထားသည်။

 

ထိုင်းနိုင်ငံ၏ ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) သည် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တရားမဝင် ထိန်းချုပ် ရယူထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအတွင်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုပ်မှုများအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေသည့် သဘာဝဓတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်‌သော ရတနာကမ်းလွန် သဘာဝဓါတ် ငွေ့ လုပ်ကွက်၏ ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်ရန် ဆိုသည့်အချက်ပါဝင်ကြောင်း သိရသည်။

 

PTTEP သည် ရတနာ၊ ဇောတိက နှင့် M3 သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံ သူနှင့် ကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး တွင်းသစ်တူးဖော်ခြင်းများကိုပင် ဆက်လက်လုပ်ဆောင်ကာ စစ် အုပ်စုကို အကျိုးအမြတ်များ ရှာဖွေပေးနေသည့် ကုမ္ပဏီဖြစ်သည်ဟုဆို သည်။

 

PTTEP ၏ မိခင်ကုမ္ပဏီ PTT တွင် ပိုင်ဆိုင်မှုများရှိနေခြင်းမှတဆင့် ထိုင်းအစိုးရသည် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ကြီးအပြီး ဆက်လက်လုပ်ဆောင်နေသည့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေကြောင်း JFM က အသိပေးထား သည်။

 

PTT အနေဖြင့် ပေးချေရမည့် ဘဏ္ဍာငွေအားလုံးကို အကာအကွယ်ရရှိထားသည့် ဘဏ်အကောင့် တစ်ခုတွင် ထိန်းသိမ်းထားခြင်းဖြင့် စစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက PTTEP အနေဖြင့် တာဝန်ယူမှုရှိစွာ စီးပွားရေးလုပ်ငန်းများ ရုတ်သိမ်းထွက်ခွာရမည် ဖြစ်ကြောင်း JFM က တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ် သိမ်းခြင်းနှင့် ပစ်မှတ် ထား ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စု၏ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ် ပြီးညီညွတ်လျှင် မြန်မာ စစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း JFM အသိပေး

စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ် သိမ်းခြင်းနှင့် ပစ်မှတ် ထား ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စု၏ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ် ပြီးညီညွတ်လျှင် မြန်မာ စစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း JFM အသိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာသန်းရာချီသော ရင်းနှီးမြှုပ်နှံမှုများ ပြန် လည်ရုပ် သိမ်းခဲ့ကြသလို၊ ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများကလည်း စစ်အုပ်စု၏ကမ္ဘာလုံးဆိုင်ရာအသက် သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာ စစ်ရာဇ ဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း Justice For Myanmar က ယမန်နေ့...