International News

International News

စစ်ကိုင်းငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် EU က ယူရို ၁၀ သန်းထပ်မံထောက်ပံ့

 

သံလွင်မြန်မာသတင်း

ဧပြီလ ၈

 

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ သော စစ်ကိုင်းငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် EU က ယူရို ၁၀ သန်းထပ်မံထောက်ပံ့လိုက် ကြောင်း သိရသည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီ တာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးသွား သော ဘေးဒဏ်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများနှင့် စပ်လျဥ်း၍ ဥရောပ ကော်မ ရှင်က လူသားချင်းစာနာထောက် ထားမှု အကူအညီ နောက်ထပ် ယူရို ၁၀ သန်းကိုထပ်ဆောင်း ပံ့ပိုး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းရန်ပုံငွေသည် အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နှင့် မိလ္လာသန့်ရှင်းရေး ဝန် ဆောင်မှုများ အပါအဝင် မိသားစုခြေရာခံခြင်း နှင့် ပြန်လည်ပေါင်းစည်းခြင်း တို့ကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း အသိပေးထားသည် ။

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းမြေငလျင်အတွက် ဥရောပသမဂ္ဂ ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း ၏ တစိတ်တဒေသဖြစ်ကြောင်း သိရသည်။

“ဥရောပသမဂ္ဂအနေနဲ့ ဒီကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ ငလျင်အပြီးမှာ မြန်မာနိုင်ငံသားတွေနဲ့ တ သားတည်းမြဲမြံစွာ ဆက်လက်ရပ်တည်လျက်ရှိပါတယ်။ ကျွန်ုပ်တို့ဟာ ငလျင်ဒဏ်သင့် လိုအပ် နေတဲ့ သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ရောက်ရှိနိုင်စေဖို့ ဦး စားပေးကာ သေချာဆောင်ရွက်နေပါတယ်။ အသက်ကယ်အကူအညီအထောက်အပံ့တွေကို ဘေး ကင်းစွာနဲ့ ထိထိရောက်ရောက်ပေးနိုင်စေဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ အစည်းတွေကို အတားအဆီးမရှိ ဝင်ရောက်ထောက်ပံ့ခွင့်ပြုဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ထပ်မံတိုက်တွန်းလိုက်ပါတယ်” ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်စီမံခန့်ခွဲမှုနှင့် ညီမျှခြင်းရေးရာ ဥရောပ ကော်မရှင်နာ “ဟာဂျာလာဘစ်” က ပြောကြားသည်။

 

ဥရောပနိုင်ငံသား ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သည့်အဖွဲ့နှင့် အီးယူမှ ဆက်သွယ်ရေးအရာရှိနှစ်ဦး တို့သည် လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများမြှင့်တင်ရန် လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 

အီးယူသည် ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ကိုပင်ဟေဂင်မှ ရန် ကုန်သို့ အီးယူပိုင်အရေးကြီးသောပစ္စည်း ၈၀ တန်ကို သယ်ဆောင်လာခဲ့ပြီး ယခုအခါ UNICEF မှ မြေပြင်ပေါ်တွင် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

 

ထို့အပြင် အီးယူ၏ အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်းမှုစင်တာသည် Copernicus အရေးပေါ်စီမံခန့်ခွဲမှု ဝန်ဆောင်မှုတဆင့် ဆန်းစစ်လေ့လာပြီး သိပ္ပံနည်းကျစွမ်းရည်များဖြင့် ဝေးလံသောနေရာများမှ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အကဲဖြတ်ရာတွင် ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ ဘေးကင်းလုံခြုံစွာနှင့် ကန့်သတ်မှုမရှိဝင် ရောက်နိုင်ရေးကို အာမခံချက်ပေးရန်မှာ အဓိကဦးစားပေးရမည်ဖြစ်ပြီး ဥရောပသမဂ္ဂ အနေဖြင့် အ ပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝလေးစားလိုက်နာရန် နှင့် ပြည်သူများနှင့် အကူအညီပေးသူများကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံးကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...