International News

International News

မြေငလျင်ဘေးဒဏ်သည့် မြို့နယ်ပေါင်း ၆၀ နီးရှိပြီး လူဦးရေ ၁၇ သန်းခန့်ထိခိုက်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတားပြတ်တောက်မှုကြောင့် ပိုမိုအခက်အခဲကြုံနေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၆

 

မြန်မာနိုင်ငံတွင် စစ်ကိုင်းမြေငလျင်ဘေးဒဏ်သည့်မြို့နယ်ပေါင်း ၆၀ နီးပါးရှိပြီး လူဦးရေ ၁၇ သန်းခန့် ထိခိုက်ခဲ့ကာ ဆက်သွယ်ရေး၊ လမ်း၊ တံတားပြတ်တောက်မှုကြောင့် ပိုမို၍ အခက်အခဲကြုံတွေ့နေရ ကြောင်း UN က ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွါးခဲ့သည့် ငလျင်ဘေးအန္တရာယ်ကြီးကြောင့် မြန်မာနိုင်ငံက မြို့ နယ် ၃၃၀ မြို့နယ် အနက် မြို့နယ် ၆၀ နီးပါးတွင် နေထိုင်ကြသည့် လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိ မည်ဟု ခန့်မှန်းထားကြောင်း၊  ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသက လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သန့်ရှင်းသော သောက်သုံးရေ၊ စားနပ်ရိက္ခာ ၊ ကျန်းမာရေး စောင့်ရှောက်မှုများ လုံ လောက် စွာရရှိခြင်း မရှိသည့် အခက်အခဲဒုက္ခများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“တယ်လီဖုန်းဆက်သွယ်ရေးစနစ်တွေပြတ်တောက်မှုနဲ့အတူ လမ်း၊ တံတားတွေ ပျက်စီးခဲ့ တာ ကြောင့် ဘေးသင့် ပြည်သူတွေဆီ အရေးကြီးတဲ့ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ပိုမို ခက်ခဲလျက် ရှိ နေပါတယ်။လူမှုဂရုဏာလုပ်သားတွေဟာ ဒေသခံ ရှေးဦးပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေကို အားဖြည့် ကူညီပေးရင်း ဘေးအန္တရာယ်ထိခိုက်မှုအပြင်းထန်ဆုံးသူတွေအတွက် လူမှုဘဝရှင်သန်ရှင်း အကူ အ ညီတွေပေးနိုင်ဖို့ အချိန်ပြည့် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမယ့် ဒီ့ထက် အများကြီး လုပ်ဆောင် ဖို့ လိုအပ်နေပါသေးတယ်။” ဟု UN က ပြောဆိုသည်။

 

ဧပြီလ ၄ ရက်နေ့အထိ မြေငလျင်ကြောင့် မန္တလေးတိုင်းတွင် ၁၈၀၈ ဦး၊ စစ်ကိုင်းတိုင်းတွင် ၆၈၆ ဦး၊ နေပြည်တော်တွင် ၄၉၇ ဦး၊ ရှမ်းတောင်ဒေသတွင် ၁၀၅ ဦး၊ ပဲခူးတိုင်းတွင် ၆၆ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

စစ်ကောင်စီးကို ILO ဥပဒေပုဒ်မ ၃၃ အရ အရေးယူရေးမှုသည် ပြည်သူ့အောင်ပွဲဖြစ်ပြီး စစ်ကောင်စီ အတွက် နိုင်ငံရေး၊ ဘဏ္ဍာရေးတွင် ပိုမိုအထိနာမည်   သံလွင်မြန်မာသတင်း ဇွန်လ ၈   မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ အရ အရေးယူမှု...