International News

International News

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အာဂျင်တီးနားတရားရုံးက အင်တာပို အဖွဲ့ဝင် ထိုင်းရဲတပ်ဖွဲ့ကို စာပို့ထား

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အာဂျင်တီးနားတရားရုံးက အင်တာပို အဖွဲ့ဝင် ထိုင်းရဲတပ်ဖွဲ့ကို စာပို့ထားကြောင်း မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) – BROUK အဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည့် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အခြားစစ် တပ်အရာရှိများကို ဖမ်း၀ရမ်းထုတ်ခဲ့ကြောင်း၊ အဆိုပါ ဖမ်း၀ရမ်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ရဲတပ်ဖွဲ့ INTERPOL ထံသို့ ပေးပို့ပြီး ထိုင်းနိုင်ငံသည်လည်း အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် ဖမ်းဆီး ပေးရန် တာဝန်ရှိကြောင်း သိရသည်။

အင်တာပိုအဖွဲ့ဝင် ၁၉၆ နိုင်ငံအားလုံးတွင် ‘အနီရောင်သတိ ပေးချက်’ ထုတ်ပြန်ကာ မင်းအောင်လှိုင် နှင့် စစ်တပ်တာဝန်ရှိသူများကို အာဂျင်တီးနားတရားရုံး၏ တရားခွင်သို့လွှဲပြောင်းပေးရန် တောင်းဆို ထားကြောင်း သိရသည်။

 

ယခုအခါ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် BIMSTEC အစည်းအဝေးပွဲသို့ တက်ရောက်နေပြီး အာဂျင်တီးနားတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိ သည့် ထိုင်းအစိုးရနှင့် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော် လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာနိုင်ငံတွင် လူလတ်တန်းစား ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်းမြင့်တက် လာ၊ လူဦးရေ ၃ ဒသမ ၆ သန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရ

မြန်မာနိုင်ငံတွင် လူလတ်တန်းစား ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်းမြင့်တက် လာ၊ လူဦးရေ ၃ ဒသမ ၆ သန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ မြန်မာနိုင်ငံတွင် လူလတ်တန်းစား ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်းမြင့်တက် လာ၊ လူဦးရေ ၃ ဒသမ ၆ သန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၆ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊...