International News

International News

WHO အဖွဲ့မှ မန္တလေးမြို့ပေါ်တွင်ယာယီအရေးပေါ်ကျန်းမာရေးတဲ ၂၉ လုံးတည်ဆောက်ပြီး ငလျင် ဒဏ် သင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ ၊ ငလျင်လှုပ်ခတ်မှု အပြီး ၂၄ နာရီအတွင်း ကုသရေးအတွက်ဆေးပစ္စည်းများ၊ ခွဲစိတ်ကိရိယာများနှင့် ယာယီတဲများ – တန်ချိန် ၃ တန် နီးပါးကို ပို့ဆောင်နိုင်ခဲ့

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

WHO အဖွဲ့မှ မန္တလေးမြို့ပေါ်တွင်ယာယီအရေးပေါ်ကျန်းမာရေးတဲ ၂၉ လုံးတည်ဆောက်ပြီး ငလျင် ဒဏ်သင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်းနှင့် ငလျင်လှုပ်ခတ်မှု အပြီး ၂၄ နာရီအတွင်း ကုသရေးအတွက်ဆေးပစ္စည်းများ၊ ခွဲစိတ်ကိရိယာများနှင့် ယာယီတဲများ – တန်ချိန် ၃ တန် နီးပါးကို ပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ကြီးမားပြင်းထန်သော ငလျင်ကြောင့် ဒုက္ခရောက်နေရသည့် ဒေသများတွင် ဆေးရုံများ၏ လူနာဝန် ထုပ်ဝန်ပိုးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ယာ ယီ ကျန်းမာရေးတဲများကို စတင်ချထားပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ မန္တလေးမြို့သို့ အဆိုပါ ရည်ရွယ်ချက်ဖြင့် ပေါင်းစုံအသုံးပြုနိုင်သည့် တဲပေါင်း ၂၉ တဲ ရောက်ရှိပြီဖြစ်ကာ ဒဏ်ရာရသူများအား အရေးပေါ်ကုသမှုပေးခြင်းနှင့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ပံ့ပိုးကူညီရန် အသုံးပြု လျက်ရှိကြောင်း သိရသည်။

WHO သည် အဆိုပါ တဲများကို အရေးကြီးဆုံးလိုအပ်သည့်နေရာများတွင် မိတ်ဖက်များနှင့်အတူ ပူး ပေါင်း တည်ဆောက်လျက်ရှိကြောင်း၊ ငလျင်လှုပ်ခတ်မှု အပြီး ၂၄ နာရီအတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် ရန်ကုန်ရှိ အရေးပေါ် သိုလှောင်ရုံမှ ထိခိုက်ဒဏ်ရာ ကုသရေးအတွက်ဆေးပစ္စည်းများ၊ ခွဲစိတ်ကိရိယာများနှင့် ယာယီတဲများ – တန်ချိန် ၃ တန် နီးပါးကို နေပြည်တော်နှင့် မန္တလေးရှိ ဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

 

ယခုလက်ရှိ အချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ အရေးပေါ်ကျန်းမာရေး တုံ့ပြန်မှု များ ကို ထောက်ပံ့ရန် ဆေးဝါးများ၊ ပစ္စည်းများနှင့် ကိရိယာများ တန်ချိန် ၆၀ တန်ခန့်ကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှပေးပို့ကူညီထားပြီးသောပစ္စည်းများမှာ –

 

-197 Interagency Emergency Health Kits (IEHK) – အရေးပေါ်အခြေအနေများတွင် အသုံးပြုရန် ဆေးဝါးများနှင့် ကိရိယာများ။

 

280 Trauma & Emergency Surgery Kits – အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်သော လူနာများကို ကုသ ရန် ကိရိယာများ၊ ပစ္စည်းများနှင့် ဆေးဝါးများ။

 

60 Multipurpose Tents – အရေးပေါ်ဆေးကုသရန် လိုအပ်သော ယာယီတဲများ တို့ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်နေပြီး အရေးပေါ်အကူအညီများကို လို အပ်သည့်နေရာများသို့ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ အကြမ်းဖက်စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးပစ်နေ ပြီး နည်းလမ်းမျိုးစုံဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတင်ပြပြောဆိုလိုက်သည်။ အောက်တိုဘာလ ၈ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သော အကြိမ် (၈၀)...