International News

International News

စစ်ရာဇဝတ်ကျူးလွန်နေသူ မင်းအောင်လှိုင်ကို BIMSTEC ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် BIMSTEC အဖွဲ့တို့အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကျူးနေသည့် လူသတ် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် BIMSTEC အဖွဲ့တို့အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

 

ဒေသဆိုင်ရာအဖွဲ့အစည်းကြီးအနေဖြင့် ကြောက်မက်ရွံရှာဖွယ် နိုင်ငံတကာရာဇဝတ်မှုများကို ကျူး လွန်လျက်ရှိသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုခေါင်းဆောင် စစ်ရာဇ-ဝတ်‌ေ-က-ာ-င-်တစ်ဦး အား ကြိုဆိုလိုက်ခြင်းသည် အဖွဲ့၏ပုံရိပ်ကို ညိုးနွမ်းသွားစေကြောင်း အသိပေးထားသည်။

 

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ် ခုံရုံးတွင် စုံစမ်းစစ်ဆေးခြင်း ခံနေရသည့် မင်းအောင်လှိုင်သည် ဒဏ်ခတ်ပိတ်ဆို့မှုများစွာကို လည်း ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတစ်ခုလည်း မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော ၎င်း၏အခန်းကဏ္ဍအတွက် မကြာသေးမီက ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

 

စစ်လက်နက်နှင့် ဘဏ္ဍာငွေများ ထောက်ပံ့ထားသည့် BIMSTEC အဖွဲ့ဝင်နိုင်ငံအချို့၏ ကူညီပံ့ပိုးမှု များဖြင့် စစ်အုပ်စုသည် မကြာသေးမီက ဆိုးရွားစွာ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ကျေးရွာများကို ကရုဏာမဲ့စွာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း Justice For Myanmar က ပြောဆိုထားသည်။

 

BIMSTEC ထိပ်သီးညီလာခံသည် မင်းအောင်လှိုင်နှင့် စစ်တပ်အား နိုင်ငံတကာရာဇ၀တ်မှုများ ထပ်မံ ကျူးလွန်နိုင်ရန်အတွက် တရား၀င်မှုပေးကာ ရဲဆေးတင်ပေးလိုက်ခြင်းသာဖြစ်လိမ့်မည်ဖြစ်ပြီး BIMSTEC အနေဖြင့် မြန်မာစစ်တပ်၏ ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်မှုကို ရပ်တန့်၍ ထိ တွေ့ ဆက်ဆံမှုအားလုံးကို အဆုံးသတ်ရန် ဆက်လက်တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ အကြမ်းဖက်စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးပစ်နေ ပြီး နည်းလမ်းမျိုးစုံဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတင်ပြပြောဆိုလိုက်သည်။ အောက်တိုဘာလ ၈ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သော အကြိမ် (၈၀)...