International News

International News

ငလျင်ကယ်ဆယ်ရေးအရေးကြီးသည့်အချိန်အခါဖြစ်သဖြင့် အပစ်အခတ်ရပ်ထားရန် စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး တိုက်တွန်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

ငလျင်ကယ်ဆယ်ရေးအတွက် အရေးကြီးသည့်အချိန်အခါဖြစ်သဖြင့် အပစ်အခတ်ရပ်စဲထားရန် စင်္ကာ ပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မတ်လ ၃၀ ရက်နေ့တွင် တိုက် တွန်းလိုက်သည်။

 

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၇.၇ အဆင့် အင်အား ပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရှေးဟောင်း ဘုရားစေတီပုထိုး၊ လူနေ အိမ် အဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ပြန် ချက်အရ လူပေါင်း ၁၆၀၀ ကျော် သေဆုံးအလောင်း ရရှိထားကြောင်း သိရသည်။

“စင်္ကာပူနိုင်ငံအနေနဲ့ မြေပြင်မှာပြောင်းလဲနေတဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး လာမယ့်ရက်တွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထပ်မံပေးအပ်ဖို့ရှိပါတယ်။ အရေးကြီးတဲ့အခိုက်အ တန့်မှာ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါမှသာ အသက်ကယ်ဆယ်ရေးနဲ့ လိုအပ်နေသူတွေကို ထောက်ပံ့ကူညီရေးအတွက် ကြိုးစားမှုအားထုတ်မှု တွေကို အာရုံစိုက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု စင်္ကာ ပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က ပြောကြားသည်။

 

ဒေါက်တာ ဘာလက်ခ်ရစ်ရှ်နန်အနေဖြင့် အာစီယံ ဥက္ကဌ အဖြစ်တာဝန်ယူထားသော မလေးရှားနိုင်ငံ က ကမကထ ပြုလုပ်သည့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)၏ နိုင်ငံခြားရေး ဝန်ကြီးများဆိုင်ရာ အရေးပေါ် အွန်းလိုင်း အစည်းအဝေးတစ်ခုကို တက်ရောက်၍ မြန်မာ့နိုင်ငံတွင် ငလျင်ဒဏ် ခံစားရမှုနှင့် ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် လူသားချင်း စာနာမှု အထောက်အပံ့တွေ ထိရောက်စွာ ပေးပို့နိုင်ရေး၊ ရေရှည်မှာ အမျိုးသား ရင်ကြားစေ့မှု ပိုမို အကောင်အထည် ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် ရည်ရွယ်ကာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စင်္ကာပူနိုင်ငံအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန် စင်္ကာပူနိုင်ငံ ကြက် ခြေနီအဖွဲ့ကို ရန်ပုံငွေ တစ်သိန်းခွဲ ပေးအပ်ထောက်ပံ့ကာ မြန်မာနိုင်ငံသို့ပို့ဆောင်ထားပြီး ပိတ်မိနေ သူများကို ကယ်တင်ထားပြီဖြစ်ကြောင်း၊ အရေးပေါ်ကယ်တင်ရေး ရံပုံငွေများကိုလည်း စင်္ကာပူ နိုင်ငံသားများထံမှ လှူဒါန်းငွေများကို ကောက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...