Insein Jail News

Insein Jail News

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့ ပြောင်းရွှေ့

 

D Day News

ဇူလိုင်လ ၂၁

 

ရန်ကုန်မြို့၊ အင်စိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီ အ ကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ရက် (PPNM) ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်း သား၊ အကျဉ်းသူများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့‌ ထောင်ပြောင်း‌ရွှေ့ ခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသား ကျား (၂၀၀) နှင့် မ (၆၀) ဦးရောက်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

 

သာယာဝတီ‌အကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် နိုင်ကျဉ်းအရေအတွက်ကို ရရှိရန် ကြိုးစားနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းနှင့် ရွှေပန်းတောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြစ်ဒဏ်ကျ၊ စစ်ဆေးဆဲ အချုပ်သားများ ၂၂ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းနှင့် ရွှေပန်းတောကျေးရွာကို...