Indaw News

Indaw News

အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းသိမ်းပိုက်မှု စစ်တပ်မှ ဗိုလ်ကြီး ပြုံးမောင်မောင်ပါ ၁၄ ဦးစလုံး သေဆုံး ၊ လက်နက်မျိုးစုံ ၂၀ နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၈

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာရွာအကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်ကြီး ပြုံးမောင်မောင်ပါ ၁၄ ဦးစလုံးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၈ ရက် နံနက် ၄ နာရီခန့်က အင်းတော်မြို့နယ်၊ နံ့သာရွာ၌ အခြေချထားသော အကြမ်း ဖက် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ မှ ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီးပါ အကြမ်း ဖက် စစ်သား ၁၄ ဦးနေထိုင်သည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဗိုလ်ကြီး ပြုံးမောင် မောင်အပါအဝင် ၁၄ ဦးစလုံးသေဆုံးသွားကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ကိုင်ဆောင်အသုံးပြုသော လက်နက်မျိုးစုံ အလက် ၂၀ ၊ ဒရုန်းဖြတ် လက် နက် ၁ လက်၊ ကျည်မျိုးစုံ ၈၄၉၂ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ မိုင်းမျိုးစုံ ၁၅ လုံး၊ ကျည်အိမ်မျိုးစုံ ၄၁ ခု၊ ဆက်သွယ်ရေးစက် ၁၂ လုံး၊ ကြားဖြတ်စက် ၁ လုံး၊ Power Station ၁ လုံး၊ ဦးထုပ် ၁၁ လုံးနှင့် ဆန်အိတ် ၄၁ အိတ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကသာခရိုင် တပ်ရင်း-၂ ၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...