Indaw News

Indaw News

အင်းတော်မြို့နယ်၊ နန့်သာကျေးကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဥူးဇင်းတစ်ပါးအပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

 

D Day News

ဇွန်လ ၂၃

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဥူးဇင်းတစ်ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသနေပြည်သူများနှင့် ABSDF မြောက်ပိုင်းစစ်ကြောင်းထံမှ သိရ သည်။

 

ယမန်နေ့ ဇွန်လ ၂၂ ရက် ည ၁၂ နာရီခန့်က အင်းတော်မြို့နယ်၊ နန့်သာကျေးရွာဘုန်းကြီးကျောင်း တွင် ပြည်သူ များစစ်ဘေးရှောင်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီး များဖြင့် ပစ်ခတ် မှုရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာနေပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“ညတုန်းက လေယာဉ်နဲ့ ပစ်သွားတာ။ ၁၀ ယောက်ကျော်ဒဏ်ရတယ်၊ တစ်ယောက်ကတော့ လက် ပြတ်သွားတယ်။ တစ်ကြိမ်တည်းပဲ ပစ်သွားတာ။ အင်းတော်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာလည်း ရှိတယ်။ အခုလည်းတိုက်ပွဲဖြစ်နေတုန်း။ တိုက်ပွဲဖြစ်တော့ လူတွေက နံ့သာအောက်ကျင်းဘုန်းကြီး ကျောင်းမှာ သွားရှောင်နေကြတာ။ အောင်းကုန်း၊ နံ့သာ၊ ရွာသစ်ကုန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်၊ ဘာတွေထိခိုက်ပျက်စီးလည်းတော့ မသိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများသည် အင်းတော်မြို့နယ်၊ နန့်သာကျေးရွာနေပြည်သူများကို ဓားစာခံဖမ်းဆီး ပြီး ဘုန်းကြီးကျောင်းအတွင်း၌ ပိတ်လှောင်ထားကာ ညအချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းကို တည့်တည့်ထိမှန်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ABSDF မြောက်ပိုင်း စစ်ကြောင်းထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...