ILO News

ILO News

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် – ILO တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံ ရသူ မဖြိုးစန္ဒာစိုးသည် ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်း ထုညီလာခံတွင် အမြဲတမ်း သဘာပတိ အ ဖြစ် ဆောင်ရွက်ပေးခဲ့

 

D Day News

ဇွန်လ ၁၄

 

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အဖွဲ့ဝင်အဖြစ် ရွေးချယ် တင်မြှောက်ခံရခြင်းခံရသူ မဖြိုးစန္ဒာစိုးသည် ပထမအကြိမ် CDM နိုင်ငံ့ဝန် ထမ်း ထုညီလာခံတွင် အမြဲတမ်း သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၀ ရက်၌ ကျင်းပခဲ့သော (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့ချုပ်(ILO)၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အဖွဲ့ဝင်များ ရွေးချယ်တင် မြှောက်ပွဲတွင် Worker Deputy Member အလုပ်သမား ကိုယ်စားလှယ် (၁၉)နေရာ အတွက် မဲပေး ဆုံးဖြတ်ခဲ့ကြရာ အလုပ်သမား ကိုယ်စားလှယ် စုစုပေါင်း (၁၂၆)ဦးမှ ဆန္ဒမဲ ပေးခဲ့ကြပြီး (၉၃)မဲဖြင့် ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံတွင် အမြဲတမ်းသဘာပတိတဦးအဖြစ် ဆောင်ရွက်ပေးခဲ့ သည့် မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု- MLA မှ ရဲဘော် မဖြိုးစန္ဒာစိုးသည် Workers Deputy Member အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ရဲဘော် မဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO)၏ အုပ်ချုပ် ရေးအဖွဲ့ (Governing Body) အဖွဲ့ဝင် Workers Deputy Member အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ ရခြင်းသည် အကြမ်းဖက် စစ်အုပ်စု အပေါ် နွေဦးတော်လှန်ရေး ဘက်တော်သားများက ထပ်မံ၍ အသာစီး ရယူနိုင်ခဲ့သည့် အခင်းအကျင်း တစ်ရပ်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ကိုယ်ကျိုး စီးပွား ရေးနှင့် လူသတ်လက်နက် ဝယ်ယူနေသည့် ဝင်ငွေစီးဆင်းမှုများကို ထိရောက်စွာ ပိတ်ဆို့နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံး အရေးယူဆောင်ရွက် နိုင်ရေး အတွက် ခွန်အားတစ်ရပ် ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ကြားကာလလုပ်ငန်းအကောင် အထည် ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)က ထုတ်ပြန်ထားသည်။

 

မဖြိုးစန္ဒာစိုး အနေဖြင့် ‘စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အားလုံး ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းစေရေး’တို့အတွက် အလုပ်သမားထုကို ကိုယ်စားပြု လျက် စဉ်ဆက်မပြတ် တိုက်ပွဲဝင် ချီတက်ကာ အောင်မြင်မှုများ ပိုမိုရရှိနိုင်ပါစေကြောင်း ကြားကာလ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ) ဆုတောင်း မေတ္တာပို့သ ထားသည်။

 

ကြားကာလ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ) အနေဖြင့် မဖြိုး စန္ဒာစိုးနှင့် ၎င်း၏ မိခင်အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု-MLA နှင့် အတူ လက် တွဲ ၍ စဉ်ဆက်မပြတ် တိုက်ပွဲဝင် ချီတက်ခဲ့ကြရသည့်အပေါ် အထူးပင် ဂုဏ်ယူရသည့်နည်းတူ နွေဦး တော်လှန်ရေးကြီး၏ ပန်းတိုင်သို့ ရောက်ရှိသည် အထိ ဆက်လက်၍ အတူ လက်တွဲတိုက်ပွဲ ဝင်သွားကြမည် ဖြစ်ကြောင်း ကတိပြုထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်း စစ်ပေးရန် တောင်းဆို Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။ UAB ဘဏ်သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ...