Human Right News

Human Right News

မြတ်သူ (ခ) သိန်းဇော်ဝင်း ဦးဆောင်သော YDF တပ်ဖွဲ့က ဒေသနေလူငယ်များကို ဖမ်းဆီးကာ တပ် ထဲ ထည့်သွင်းခြင်း၊ ပကဖတပ်ဖွဲ့ဝင်များကိုလည်း ရှေ့တန်းသွားရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ တပ်သားအဖြစ်စုဆောင်းခြင်းတို့လုပ်ဆောင်နေမှုကြောင့် ဒေသနေပြည်သူများကြောက်လန့်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၂၉

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် မြတ်သူ (ခ)သိန်းဇော်ဝင်းဦးဆောင်သော ယောကာကွယ်ရေး တပ် – YDF က ဒေသနေလူငယ်များကို ဖမ်းဆီးကာ တပ် ထဲ ထည့်သွင်းခြင်း၊ ပကဖတပ်ဖွဲ့ဝင်များကို လည်း ရှေ့တန်းသွားရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ တပ်သားအဖြစ်စုဆောင်းခြင်းတို့လုပ်ဆောင် နေမှုကြောင့် ဒေသနေပြည်သူများ ကြောက်လန့်နေရကြောင်း ဒေသနေပြည်များထံက သိရသည်။

 

ယောကာကွယ်ရေးတပ်(YDF)က ယောနယ်က ရွာအသီးသီးမှာရှိတဲ့ လူငယ်တွေကို ရှေ့တန်းသွားရ မယ်ဆိုပြီးလိမ်ညာပြီး သူတို့လူအဖြစ် အတင်းအဓ္ဓမ လက်မှတ်ထိုးခိုင်းပါတယ်။ ပကဖတွေ ကိုလည်း အရှေ့တန်း သွားရမယ်ဆိုပြီး လိမ်ခေါ်ပြီး သူတို့လူအဖြစ် သိမ်းသွင်းပြီး ထွက်ပြေးရင် လိုက်ဖမ်းပြီး ထောင်ချတာတွေရှိနေပါတယ်။ လူငယ်တော်တော်များများ ထွက်ပြေးချင်နေချင်ပေမယ့် ထွက်ပြေး လို့မရဘဲ (YDF)ရဲ့ တပ်သားအဖြစ် ရောက်ရှိနေပါတယ်။ ထွက်ပြေးရင် သူတို့ မိဘတွေကိုလည်း လိုက် ဖမ်းတာတွေလုပ်နေပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ယောကာကွယ်ရေးတပ် – YDF တွင် လက်နက်ပေါများကြောင်း၊ မဟာမိတ်များနှင့် အတူတူ တိုက်ခိုက်ပါက လက်နက်တပ်ဆင်ပေးမည်ဟု လိမ်ညာကာ သင်တန်းတက်ခိုင်း၍ ယောကာကွယ် ရေးတပ် – YDF တပ်သားအဖြစ် အတင်းအဓမ္မထည့်သွင်းစုဆောင်းမှုလည်းရှိကြောင်း သိရသည်။

 

“သူတို့မှာ လက်နက်ပေါတယ်ဆိုပြီး သူတို့မဟာမိတ်တွေကိုတိုက်ပွဲအတူတူတိုက်ရင် လက်နက် တပ် ဆင်မယ်ပြောပြီး လိမ်ညာက သူတို့သင်တန်းကွင်းကို ခေါ်ယူပြီး သင်တန်းတက်ခိုင်းကာ ယောကာ ကွယ်ရေး တပ် (YDF)တပ်သားအဖြစ် အတင်း ဖောင်းတွေ ဖြည့်ခိုင်းပါတယ် ထိရောက်စွာအရေးယူ စေချင်ပါတယ်။ အခု သူတို့က ရတဲ့သူကို ပေါ်တာဆွဲပြီး သူတို့တပ်ထဲ ဝင်ခိုင်းပါတယ် မဝင်ချင်ဘူး ပြောလည်း မရကြပါဘူး။ လူငယ်ရဲ့မိဘတွေရောက်လာလည်း မသိဘူး ဘာညာပြောပြီး လူငယ်ရဲ့ မိဘတွေကို အိမ်ပြန်လွှတ်လိုက်ပါတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

 

ယောကာကွယ်ရေးတပ် – YDF သည် အာရက္ခတပ်တော် – AA နှင့်မဟာမိတ်ဖွဲ့စည်းထားပြီး ထိုသို့ လုပ်ဆောင်နေမှုများအပေါ် အာရက္ခတပ်တော်အနေဖြင့် အရေးယူတားဆီးပေးစေလိုကြောင်း မေတ္တာ ရပ်ခံထားသည်။

 

“ပကဖတွေတော်တော် များများလည်း အဖမ်းခံနေရပါတယ်။ သူတို့ရဲ့နောက် (AA) ရှိတယ်၊ သူတို့မှာ လက်နက်ပေါတယ်ဆိုပြီး လုပ်ချင်ရာလုပ်နေပါတယ်ဗျ။ ယောနယ်မှာ လည်း သူတို့တပ်(YDF) ပဲ ရှိရမယ်ဆိုပြီး ကြွေးကြော်ထားတယ်.။ သူတို့လုပ်နေပုံက စစ်တပ်နဲ့ မခြားနားတော့ပါဘူး။.ပြီးရင် လူငယ်တွေလည်း သူတို့ကိုကြောက်နေရပါတယ် ။သူတို့တပ်ထဲကလူနဲ့ စကားများမိရင် ဘယ်သူမှား တယ် မှန်တယ် မဆုံးဖြတ်ဘဲ သူတို့တပ်(YDF) ကလူက အမှန်ဘဲ လုပ်ပြီး စကားများတဲ့သူကို ဖမ်းပြီး ထိုးတာ ထိပ်တုံးချတာ ၊ သူတို့တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓ္ဓမ ဖောင်ဖြည့်ခိုင်းတာတွေလည်း လုပ် ဆောင်နေပါတယ်” ဆက်လက်ပြောကြားသည်။

 

ထိုသို့လုပ်ဆောင်နေမှုများကို ယောနယ်ရှိ ရွာတိုင်းနေပြည်သူများက သိနေသော်လည်း ၎င်းတို့ကို ကြောက်ရွံ့ကာ တိုင်ကြားစရာ နေရာမရှိပဲ အားကိုးရာမဲ့နေကြောင်း အသိပေးထားသည်။

 

“သူတို့ဒီလိုလုပ်ရပ်မျိုးကို ယောနယ်က ရွာတိုင်းလိုလို သိနေပါတယ်ဗျ NUG အစိုးရက အရေးယူလို့ မရဘူးဆ်ိုရင် သူတို့နဲ့ မဟာမိတ် (AA) ကို ပြောပေးပါ လက်နက်တွေ မချပေးဖို့ မထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်။ ​ယောနယ်က လူတိုင်း (YDF) ဆိုတာကြီးကို လန့်နေရပါပြီ တိုင်ကြားချင်ပေမယ့် မတိုင်ကြားရဲဘဲ ဖြစ်နေကြပါတယ်” ဟု ဒေသနေပြည်တစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ မင်္ဂလာဧည့်ခံပွဲကျင်းပနေစဉ် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သတိုးသမီးနှင့်ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် မင်္ဂလာဧည့်ခံပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့်...