Human Right News

Human Right News

အကြမ်းဖက်စစ်အုပ်စုကို ကမ္ဘာလွှမ်းခြုံတရားစီရင်မှု (UJ) ဖြင့် တရားစွဲဆိုနိုင်ရေး နယူးဇီနိုင်ငံရှိ ဥပဒေ ပညာရှင်များနှင့် ဆွေးနွေး

 

D Day News

မေလ ၁၀

 

အကြမ်းဖက်စစ်အုပ်စုကို ကမ္ဘာလွှမ်းခြုံတရားစီရင်မှု (UJ) ဖြင့် တရားစွဲဆိုနိုင်ရေး နယူးဇီနိုင်ငံရှိ ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၉ ရက်နေ့က NUG အစိုးရ လူ့ခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက နယူးဇီလန်နိုင်ငံ ရှိ ကျွမ်းကျင် ဥပဒေပညာရှင်များနှင့်တွေ့ဆုံကာ အကြမ်းဖက်စစ်အုပ်စုကို နယူးဇီလန်နိုင်ငံရှိ ကမ္ဘာ လွှမ်း ခြုံတရားစီရင်မှု (UJ) ဖြင့် တရားစွဲဆိုနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံတွင် တရားရင်ဆိုင်နေရသည့် ICJ နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ICC သို့ အမှုလွှဲပြောင်း စွဲဆိုနိုင်ရေးအတွက်လည်းကောင်း ဆွေးနွေးမှုများ၊ နယူးဇီလန် နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုကျုးလွန်မှုများအား Universal Jurisdiction အရ အရေးယူဆောင် ရွက်နိုင် ရေးအခြေအနေများ နှင့် ပတ်သက်၍ အဆိုပါ ဥပဒေပညာရှင်များထံမှ အကြံပြုချက်ရယူ၍ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် UJ တရားစီရင်ရေးစနစ်ဖြင့် နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအား တရားဆွဲဆိုနိုင် ရေးအတွက် အမှုများကို မည်ကဲ့သို့သော ပုံစံမျိုးဖြင့် ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ပြင်ဆင် ထားသင့်သည့် အချက်အလက်များ နှင့် စပ်လျဉ်း၍ အကြံပြုချက်များ တောင်းခံခဲ့ရာကျွမ်းကျင်ဥပဒေ ပညာရှင်များက ၎င်းတို့အနေဖြင့် လိုအပ်သည့် အကြံပြုချက်များ ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

 

ယင်းတွေ့ဆုံဆွေးနွေးခဲ့သည့် ဥပဒေပညာရှင်များတွင် နယူးဇီလန်ဝန်ကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Geoffrey Palmer နှင့် ICJ တွင် တာဝန်ထမ်းဆောင်ခဲ့သည် တရားသူကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Kenneth Keith တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...