Htigyaing News

Htigyaing News

ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦး ဒဏ် ရာရရှိပြီး ဆေးပေးခန်း၊ ဈေးဆိုင်နှင့်နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၈

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးပေးခန်း၊ ဈေးဆိုင်နှင့် နေအိမ်အများအပြား မီး လောင်ပျက်စီးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှ တက်လာသည့် အကြမ်း ဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးဖြင့် ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာ၊ ကမ်းနီဈေးနှင့် ဆေး နေရာများကို ၅ ကြိမ် ပျံဝဲပြီး ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆေးခန်း၊ နေအိမ်၊ ဈေးဆိုင် အမြောက် အများမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦးမှာ အရေးပေါ် ကုသပေးနေရကြောင်း သိရသည်။

https://youtu.be/WG8EYFE0sxU

အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်ရာ အဆောက်အအုံအနီး ဗုံးခိုကျင်း (သို့မဟုတ်) အရေးပေါ် လိုင်းကျင်း များတူးထားကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

 

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ Y-8, Y-12 အစရှိသည့် ကင်းထောက်လေယာဉ်များသုံး၍ ပစ်မှတ် ရှာဖွေပြီး ဂျက်ဖိုက်တာများဖြင့် လူစုလူဝေးရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများပြု လုပ်နေကြောင်း၊ ကင်းထောက်လေယာဉ် အသံကြားရပါက ရောက်သည့်နေရာတွင်ရပ်နေပြီး ကင်း ထောက်လေယာဉ်လွန်သွားမှဆက်လက်သွားကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

 

ကင်းထောက်လေယာဉ်များသည် လှုပ်ရှားမှုကို အဓိက အာရုံခံသည့်အတွက် လဟာပြင်တွင် လူစု လူဝေး လှုပ်ရှားမှုများ မပြုလုပ်ကြရန်၊ ဆိုင်ကယ် ကားများကို အရိပ်၊ အမိုးအကာ အောက်တွင် ရပ် ထားကြရန် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...