Htelin News

Htelin News

ထီးလင်းမြို့မှ ရိက္ခာရှာထွက်လသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဧပြီလ ၄

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာတောင်ဘက်၌ ရိက္ခာရှာထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၃ ရက် ည ၁၀ နာရီခန့် ထီးလင်းမြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းသည် ည ၁၁ နာရီခန့်တွင် ထလင်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ညအိပ်တပ်စွဲ ကာ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူလုယက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဧပြီလ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် ထလင်းကျေးရွာမှ ထီးလင်းမြို့သို့ ပြန်လာစဉ် မိုင်း အကြီးများဖြင့် ပြုလုပ်ထားသည့် မိုင်းကွင်းအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၂ ဦး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား ၈ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ထီးလင်းမြို့ကနေ ညပိုင်းထွက်လာပြီးတော့ ရိက္ခာရှာဖွေပြီး မနက်စောစော ထီးလင်းကိုပြန်တာ၊ အပြန်မှာ မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာ၊ ၄ ဦးသေပြီး ကျန်တဲ့သူတွေကဒဏ်ရာရတယ်လို့ သိရတယ်။ ထီးလင်းမြို့နဲ့ ထလင်းရွာက ၂ မိုင်လောက်ပဲရှိတာပေါ့နော်၊ ဒါဆိုတော့သူတို့ရဲစိုးမိုးထား တဲ့ နေရာ လည်းဖြစ်တဲ့အတွက် ဒဏ်ရာရတဲ့သူတွေကို ကားနဲ့လာတင်သွားတယ်လို့ သိရတယ်ဗျ။    မနေ့က ထီးလင်းကို ပြန်ရောက်သွားတယ်။ ဒီနေ့ မနက်ပဲ အနောက်ဘက်ကျေးရွာတွေထဲကို ရိက္ခာ ရှာ ပြန်ထွက်လာတယ်လို့ သိရတယ်” ဟု YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၅ ၊ ၁၆ ၊ ၁၇ -YRA ထီးလင်းတပ်ဖွဲ့မှ ရဲဘော် များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...