Hsi Hseng News

Hsi Hseng News

ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၉ ကို စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီး

 

D Day News

မေလ ၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၉ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း PNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

မေလ ၇ နေ့က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ အမျိုးသား ၅ ဦးနှင့်ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

 

အဆိုပါ ပြည်သူ ၉ ဦးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုး လာစဉ် ကြောက်ရွံ့သဖြင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးမှာလည်း စစ်ဘေးရှောင် ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း PNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...