Hpasaung News

Hpasaung News

ဖားဆောင်းတွင်စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၁ ဦးသေဆုံးပြီး ၅၈ ဦးအရှင် ဖမ်းမိ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၃

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ် တိုက် ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းခံရပြီး ၅၁ ဦးသေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကရင်တော်လှန်ရေးတပ်ပေါင်းစုထံမှ သိရ သည်။

 

ဧပြီလ ၁၁ ရက် နံနက် ၄ နာရီခန့်က ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၂)လက်အောက်ခံ ခမရ  ၅၁၅ ၊ ခမရ ၅၁၆  ၊ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ နှင့် လွိုင်ကော်ဒေသကွပ်ကဲစစ်ဆင်ရေး ဌာနချုပ် (ဒကစ)၏ ခလရ ၁၃၅ တပ်ရင်းတို့မှ ပူးပေါင်းထားသည့် အင်အား ၁၀၉ ဦးပါ အကြမ်းဖက်စစ်တပ် ခြေလျင် စစ်ကြောင်းကို ဖားဆောင်းမြို့နယ်၊ ပါပူရွာအနီးအရောက် ကရင်နီတော်လှန်ရေးတပ်ပေါင်း စုမှ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၅၁ ဦးသေဆုံးပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်း မှူးအပါအဝင် စစ်သား ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

https://youtu.be/v1nLgHBDatw

“မနေ့ တနေကုန်တိုက်ပွဲဖြစ်တာ။ လက်နက်သိမ်းတာတို့ သုံ့ပန်းဖမ်းမိတာတို့က အတိအကျ မသိရ သေးဘူး၊ ဘောလခဲဘက်ကနေ တက်လာတာ။ စစ်ကြောင်းတစ်ခုလုံးကို ဖမ်းလိုက်ပြီ။ တပ်ရင်းမှူး ရော ဒုရင်းမှူးရောပဲ ၅၈ ယောက်၊ သုံ့ပန်းဒဏ်ရာရတာတစ်ချို့တော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေ ဆေးကုပေးနေတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်ဒဏ်ရာရတာမျိုးတော့ လေလောဆယ် မကြားမိသေးဘူး” ဟု ကလလတ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတ ၊ ကရင် နီတပ်မတော် – KA ၊ ကြယ်ဖြူတပ်ဖွဲ့ – KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း တို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ၂ လကျော်ကြာမြင့်နေပြီဖြစ် ပြီး အကြမ်းဖက်စစ်တပ်က အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြို့၏ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...