Homalin PDF

Homalin PDF

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး ၁၂၀ ဦး ခန့်လက်နက်ချအညံ့ခံ

 

D Day News

ဧပြီလ ၈

 

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး အင်အား ၁၂၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအခြေပြု ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာမှ ပျူစောထီးများအား ၉ ရက်အ ကြာ ပိတ်ဆို့ထားပြီး လက်နက်ချ အလင်းဝင်ရန် လော်စပီကာဖြင့် လှုံ့ဆော်တိုက်တွန်းခဲ့ရာက လက် နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ချအညံ့သူ ပျူစောထီးအင်အား ၁၂၀ ခန့်ရှိကြောင်း၊ ကျွန်းကုန်းရွာတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၃၀ လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်ထားသည်။

 

အဆိုပါ ပိတ်ဆို့ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးလှုပ်ရှား တပ်ရင်း ၄၊ တပ်ရင်း ၈ ၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...