Homalin News

Homalin News

ဟုမ္မလင်းမြို့နယ်ရှိ စစ်တပ်၊ ပျူပူးပေါင်း စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု လက်နက် ၁၀၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၈

 

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်စွဲထား သော စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မတ်လ ၃၀ ရက်နေ့က စတင်၍ ဧပြီလ ၇ ရက်နေ့ကအထိ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာတွင် ခမရ ၃၆၉၊ ၃၇၀ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော် ဖြင့် အခြေပြုနေသော အကြမ်းဖက်စစ်တပ် စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း ၄၊ တပ်ရင်း ၈၊ မော်လိုက်ခရိုင် တပ်ရင်း – ၁၊ ခန္တီးခရိုင် တပ်ရင်း – ၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ ၉ ရက်အကြာ တိုက်ခိုက်ခဲ့ရပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းစခန်သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော လက်လုပ် သေနတ် အလက် ၂၀ အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ Drone Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ ၃၀ ချောင်းနှင့် တရုတ် စကားပြောစက် – TSSD ၁၆ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...