GSCB News

GSCB News

NUCC ၊ NUG အနေဖြင့် ဒုတိယအကြိမ်ပြည်သူ့ညီလာခံမှ ချမှတ်သည့် ဆုံးဖြတ်ချက်၊ လမ်းညွန် အကြံပြုချက်များအတိုင်း ပြည်သူကို မျက်နှာမူ၍ အလေးအနက်ထား အကောင်အထည် ဖော်ရန် အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB) တိုက်တွန်း

 

D Day News

ဧပြီလ ၁၀

 

ဒုတိယအကြိမ်ပြည်သူ့ညီလာခံမှ ချမှတ်သည့် ဆုံးဖြတ်ချက်၊ လမ်းညွန် အကြံပြုချက်များအတိုင်း ပြည်သူကို မျက်နှာမူ၍ အလေးအနက်ထား အကောင်အထည်ဖော်ရန် အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB) NUCC ၊ NUG တို့ကို တိုက်တွန်းကြောင်းထားသည်။

 

ဒုတိယအကြိမ်ပြည်သူ့ညီလာခံတွင် ပြည်သူကိုမျက်နှာမူ၍ အရေးကြီးသော ဆုံးဖြတ်ချက် (၃) ခုကို ချမှတ်နိုင်ခဲ့ပြီး ဆွေးနွေးချက်နှင့် အကြံပြုချက် (၂၁) ချက်ကိုလည်း လမ်းညွှန် အကြံပြု ထုတ်ပြန် ပေးနိုင်ခဲ့သည်ကို အားရစွာတွေ့ရကြောင်း၊ ထိုဆုံးဖြတ်ချက်၊ အကြံပြုချက်နှင့် လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ​ (NUG) တို့သည် ဖယ်ဒရယ်ပဋိညာဉ် ပြဌာန်းချက်များအတိုင်း ပြည်သူကို မျက်နှာမူ၍ အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု – GSCB က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

 

ဒုတိယအကြိမ်ပြည်သူ့ညီလာခံတွင် ပွဲကျင်းပရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းနှင့် ကြိုတင် ပြင်ဆင်ရန် လိုအပ်ချက်များရှိခဲ့သည့်ကို တွေ့ရှိရသောကြောင့် နောက် (၆) လအကြာတွင် ထပ်မံ ကျင်းပမည့် တတိယအကြိမ်ညီလာခံတွင် ယခုထက်ပိုမို စနစ်ကျသော ပြင်ဆင်မှုများ၊ ပြည်သူအများ ပိုမိုပါဝင်နိုင်၊ လေ့လာနိုင်သည့် အခင်းအကျင်းအဖြစ် မြှင့်တင်ကျင်းပနိုင်ကြရန်ပါ နည်းလမ်းရှာကြိုး စားကြစေချင်ကြောင်း အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB)က ဆက်လက် တိုက်တွန်းထားသည်။

 

နွေဦးတော်လှန်ရေး၏ အရေးကြီးဆုံး နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတခုဖြစ်သည့် ဒုတိယ အကြိမ် မြောက် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက် နေ့မှ ၉ ရက်နေ့အထိ ၅ ရက်ကြာ အောင် မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမပိုင်းအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွှတ်တော်အသီးအသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း ၁...