Gangaw News

Gangaw News

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် ကျည်ဆံများခိုးရောင်းသူ ဗိုလ်ကြီး မျိုးဝင်းသူ၊စစ်သားမိန်းမ ၂ ဦး ဖမ်းဆီးခံရပြီး ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် စစ်သားမိန်းမ ၂ နှစ်ဦး ဆေးရုံရောက်

 

D Day News

ဇွန်လ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ကျည်ဆံများခိုးရောင်းစားသူ ဗိုလ်ကြီး မျိုးဝင်းသူ၊ စစ်သားမိန်းမနှစ်ဦးတို့ ဖမ်းဆီးခံထားရပြီး ရိုက်နှက် နှိပ်စက်ခံရမှုကြောင့် စစ်သားမိန်းမ ၂ ဦး ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက်နေ့က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်း၌ စစ်သား၊ ရဲများ အစည်းအဝေးပွဲလုပ်ကာ ရဲ ဘော်တစ်ဦးလျှင် ကျည် ၅၀၀ ဆီပေးခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းက ကျည်အရောင်းအဝယ်ပြုလုပ် သည်ဟု သတင်းပေါက်ကြားသွားဖြင့် စစ်ဆေးရာ စစ်သားမိန်းမနှစ်ဦးမှ အပြင်မှ လူ ၃ ဦးဖြင့် ချိတ် ဆက်ကာ AK ကျည် ၇၀၀၀ ကို တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့်ရောင်းစားသည်ကို ပေါ်ပေါက် ခဲ့ရာက ရိုက်နှက်ခံရပြီး ဒဏ်ရာရရှိကာ ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရ ကြောင်း သိရသည်။

“ရောင်းစားတာကတော့ ကြာပြီလို့ ပြောတယ်၊ နဲနဲစီဆိုတော့ သိပ်မသိသာတာပေါ့၊ အခုက ၇၀၀၀ ဆို တော့ သူတို့ ရိပ်မိသွားတဲ့သဘောဖြစ်မယ်၊ စစ်တဲ့အခါမှာ အမျိုးသမီးတစ်ယောက် လစာငွေနဲ့ မလောက်လို့ ငတ်နေလို့ ကျည်ရောင်းစားရတာလို့ ပြောတယ်လို့ ပြန်ကြားရတယ်၊ တပ်ရင်းထဲမှာ အတော်လေးစစ်ဆေးနေတယ်၊ အဝင်၊ အထွက်တွေပိတ်စစ်နေတာ ၊ မြေလှန်ရှာတဲ့သဘောပြန်ကြား နေရတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

ထို့အပြင် ဗိုလ်ကြီးမျိုးဝင်သူကိုလည်း ကျည်ရောင်းစားမှုဖြင့် တပ်ရင်းအချုပ်တွင် ဖမ်းဆီးထား ကြောင်း၊ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါမြို့ပေါ်တွင် သေနတ်များ ပစ်ဖောက်ပြကာ ကျည်စစ်ဆေး ရန်ခက်ခဲသည်ကို အခွင့်ကောင်းယူပြီး ကျည်များ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခွဲခန့် တွင် အကြမ်းဖက်စစ်ကောင်စီက Mi 17 ထောက်ပို့ ရဟတ် ယာဉ်တစ်စီးဖြင့် ကျည်တစ်လုံးလာရောက်ချပေးခဲ့ပြီး ထို့သို့ချပေးသည့် ရဟတ်ယာဉ်ဖြင့် ဗိုလ်ကြီးမျိုး ဝင်းသူ ယောက္ခမဖြစ်သူလည်း လိုက်ပါလာကြောင်း တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...