Gangaw News

Gangaw News

PDF ရဲဘော်နှစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် မြောက်ခင်ရန်ပျူရွာကို ရော့ကတ်များ ဖြင့် တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၃၀

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် PDF ရဲဘော်နှစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် မြောက်ခင်ရန်းပျူရွာ၊ လယ်ကြီးအရှေ့ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူများကို ရော့ကတ်လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယောဧရာထုတ်လုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

မေလ ၂၆ ရက် နေ့မှစ၍ မေလ ၂၉ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးအား မီးရှို့ သတ်ခဲ့သည့် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းပျူရွာနှင့် လယ်ကြီးအရှေ့ကျေးရွာရှိ အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို “မီးပင်လယ်” စစ်ဆင်ရေးအဖြစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သား၊ ပျူကျေးရွာများကို မေလ ၂၆ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၂၈ ရက်နေ့တွင် ၁ ကြိမ်၊ မေလ ၂၉ ရက်နေ့တွင် ၁ ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Rocket အလုံး ၈၀ ကျော် အသုံးပြု ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/Wf267a0AIPU

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ပကဖ ဦးစီးပြီး ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ ပကဖများနှင့် ယောဧရာ ထုတ်လုပ်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် သား၊ ပျူစောထီးများ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စခန်းများနှင့် ကတုတ်ကျင်းမျးလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထိခိုက်မှု သတင်း အသေးစိတ်အခြေအနေကို သက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယော ဧရာ ထုတ်လုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...