Education News

Education News

ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ကယန်းမျိုးဆက်သစ်လူငယ်၏ ပညာရေးဌာနက ကျောင်း ၂ ကျောင်းဖွင့်လှစ်

 

D Day News

ဇွန်လ ၁၃

 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ကယန်းမျိုးဆက်သစ် လူငယ်၏ ပညာ ရေးဌာနက MTB-MLE ကျောင်းနှစ်ကျောင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ကယန်းမျိုးဆက်သစ်လူငယ်၏ ပညာရေးဌာနမှဦးဆောင်၍ မိခင်ဘာသာ စကားအခြေပြု၊ ဘာသာစကားအစုံသုံး ပညာရေး (MTB-MLE) စနစ် လက်တွေ့သင်ကြားရေး ကျောင်း နှစ်ကျောင်းကို အသီးသီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ရှိကျောင်းကို KG အတန်းမှ grade – 2 အတန်းထိ သင်ကြားမည်ဖြစ်ပြီး ဒီးမော့ဆို မြို့ နယ်ရှိ ကျောင်းကို KG အတန်းကိုသာ စတင်ဖွင့်လှစ် သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ကယန်းအမျိုးသားအလံနှင့် ကယန်းမျိုးဆက်သစ် လူငယ် အလံ အား အလေးပြုခြင်း၊ MTB-MLE လက်တွေ့သင်ကြားရေးကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက် ရှင်းလင်းခြင်း၊ အမှာစကားများပြောကြားခြင်း၊ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေး ထိုးခြင်းနှင့် အကပဒေသာများတင်ဆက်ခြင်း စသည့်အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျောင်းဖွင့်ပွဲအခမ်းအနားသို့ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကိုယ်စားလှယ်များ၊ ကယန်းမျိုးဆက်သစ် လူငယ်မှ ဝန်ထမ်းများ၊ လက်တွေ့သင်ကြားရေးဆရာ၊မများ၊ ကျောင်းသား မိဘများ၊ ကျောင်းကော်မတီများနှင့် ကျောင်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...