တရုတ်၊ ရုရှားရဲ့ အသက်ကယ်ဆေးနဲ့ ရှင်သန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်
အယ်ဒီတာ့အာဘော်
လက်ရှိ မြန်မာ့စစ်ရေးအခြေအနေကို လေ့လာမယ်ဆိုရင် တရုတ်နဲ့ ရုရှား အာဏာရှင် ၂ နိုင်ငံရဲ့ အ သက်ကယ်ဆေးပေးသွင်းမှုနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက အသက်ဆက်ရှင်သန်ခွင့် ရနေတာပါ။
တရုတ်ကတော့ နိုင်ငံအရေးအထိဝင်ရောက်စွက်ဖက်ချယ်လှယ်ကာ စစ်ကောင်စီကို ထောက်ခံအား ပေးနေသလို ရုရှားကလည်း စက်လက်နက်ပစ္စည်းတွေတွေကို စိတ်ကြိုက်တန်ဖိုးမြှင့်ရောင်းချကာ အသက်ဆက်ပေးနေပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကလည်း နိုင်ငံတကာထောက်ခံအားပေးမှုမရရင် သူကျဆုံး တော့မယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးကတည်းက သဘောပေါက်နားလည်သွားပါပြီ။
၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံကို အမျိုးမျိုးစွပ်စွဲပြောဆိုဝေဖန် ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံး တရုတ်အားကိုးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA နဲ့ TNLA တို့ရဲ့ ထိုးစစ်ဆင်မှုရပ်နားအောင် လုပ်ဆောင်ခဲ့ရတာပါပဲ။
အခုတော့လည်း တရုတ်နိုင်ငံကြောင့် လားရှိုးမြို့ကို ပြန်ရပြီဆိုတော့ TNLA သိမ်းပိုက်ထားတဲ့မြို့တွေ ကိုလည်း တရုတ်အားကိုးနဲ့ ရယူဖို့ကြိုးစားလာနေပြန်ပြီ။
ပြည်ပအားကိုး ပဆိန်ရိုးလို့ NLD ကို တလျှောက်လုံးစွပ်စွဲခဲ့တာတွေက အခုတော့ ပြောင်းပြန်ပြန်ဖြစ် နေပါပြီ။
စစ်ကောင်စီအနေနဲ့က တရုတ်နိုင်ငံကသာ အသက်ကယ်မပေးခဲ့ရင် အခုလောက်ဆို နေပြည်တော် အထိပါ သိမ်းခံနေရလောက်ပါပြီ။
တော်လှန်ရေးအဖွဲ့တွေအနေနဲ့က အခုလို တရုတ်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် ခက်ခဲနေချိန်မှာ တော်လှန်ရေးဘက်တော်သားအချင်းချင်းအမြင်မစောင်း၊ အပြန်အလှန်ဖေးမကူညီရင်း ဒီစစ်အာဏာ ရှင် စနစ်ကို အမြတ်ဖြတ်ကြဖို့ တိုက်တွန်းပါရစေ။
ဒီစစ်အာဏာရှင်စနစ်တည်ရှိနေသရွေ့တပြည်လုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆို တာ မရရှိနိုင်သလို နောင်သားစဉ်မြေးဆက် တော်လှန်ရေးလို့ ပြီးဆုံးမှာ မဟုတ်ပါဘူး။
အခုဆိုရင် စစ်ကောင်စီရဲ့အသက်ဟာ ငရဲတံခါးဝရောက်နေပြီမို့ တော်လှန်ရေးညီနောင်အဖွဲ့တွေ ညီ ညီညွတ်ညွတ်နဲ့ ဝိုင်းတွန်းကြမယ်ဆိုရင်ဖြင့် ..။
Thanlwin Myanmar Media