Disaster News

Disaster News

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်လာသည့် တရုတ်နိုင်ငံ ကြက် ခြေနီအသင်း ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂

 

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်လာသည့် တရုတ်နိုင်ငံ ကြက် ခြေနီအသင်း ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထးသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် ည ၉ နာရီ ၂၁ မိနစ်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းမှ မြန်မာနိုင်ငံငလျင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ဖြစ်ကြောင်း သိရသည်။

ယင်းယာဉ်တန်းသည် မန္တလေးမြို့သို့ သွားရောက်ရန်ဖြစ်ပြီး ခရီးဆက်သွားသည့်အကြာင်းကိုလည်း စစ်ကောင်စီတပ်ထံသို့ သတင်းပေးပို့ထားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ယာဉ် တန်းမှာ နောင်ချိုမြို့သို့ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း TNLA က ပြောဆိုသည်။

 

ထိုသို့ ပြန်လည် ဆုတ်ခွာလာခဲ့သည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း ၉ စီးကို တအာင်း တပ်မတော် TNLA မှ ကာကွယ်စောင့်ရှောက်ပေးထားပြီး သွားလိုရာ လိုရာခရီးကို ဆက်လက်ပို့ ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...