Depeyin News

Depeyin News

ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့ရှိ စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေ ဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၉

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထက ကျောင်းတို့တွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) ထံမှ သိရ သည်။

 

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့ပေါ် ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ၈၀ မမ ၊ ၆၀ မမ ၊ ၄၀ မမ ၊ RPG လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများမှာ ဘန်ကာ ထဲ က မထွက်၊ သေနတ်ဖြင့် တစ်ချက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

https://youtu.be/hrVVvddh93I

“တစ်ချက်မှ ပြန်မပစ်သလို လှုပ်ကို မလှုပ်တာ။ အနီးကပစ်တာ တစ်ဦး ရှေ့မှာတင် သေသွားတယ်၊ အဲဒီကျသွားတဲ့ သူရဲ့ လက်နက်ကောက်ဖို့ လုပ်တဲ့အချိန်မှာ နှစ်ဦးတက်လာလို့ ဆက်ပစ်နေတော့ သူတို့လည်း ထိပြီး ဝင်ပြေးရော၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်လာပြီး ၁ နာရီလောက်ကြာမှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြတာ၊ အချက်ရေတော်တော်များများ ကြားရတယ်” ဟု  Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) မှတာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team (DLMT) နှင့် ရေကျော်ပိတုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို...