Dawei News

Dawei News

ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ သေဆုံး စစ်သားအလောင်းများကိုလာကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး ထပ်မံသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၂

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း ဗထူး တပ်မတော်-BHA ထံမှ သိရသည်။

 

မေလ ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က အင်အား ၃၀ ခန့်ဖြင့် နေထိုင်ကာ ခရီးသွားပြည် သူလူထုအပေါ် ဆက်ကြေးကောက်နေသော ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ာသားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် မေလ ၂၀ ရက်နေ့ တွင် ဘုရားမဲစစ်ဆေးရေးဂိတ်၌ သေဆုံးသွားသော အကြမ်းဖက် စစ် သား အလောင်းများကို လာရောက်သယ်ယူသော အကြမ်းဖက်စစ်သားများကို ထပ်မံ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/_khlOWOnJ24

“ဘုရားမဲစစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ပစ်တာ၊ အင်အားက ၃၀ လောက်ရှိမယ်။ အလောင်းလာ သယ်တာက ဇဟာအမြောက်တပ်က ကောင်တွေလာသယ်တာဗျ။ ထပ်တိုးသေတာတော့ မကြားမိ သေးဘူး၊ ဆေးကုသမှုခံယူနေရတာလောက်ပဲ ကြားရသေးတယ်” ဟု ဗထူးတပ်မတော်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် BHA တို့မှ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြ ရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ အား လေးစားလိုက်နာကြရန် အသိပေး ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများ စွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန် အလေးနက်ထား တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...