Dawei News

Dawei News

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်သားများကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၈

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွက်ခိုး ယူနေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရသည်။

 

ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ အတွင်း ယာယီစခန်းချ တပ်စွဲနေထိုင်ပြီး စစ်ဘေးရှောင်နေရသည့် ပြည်သူပိုင် နေအိမ်များကို ဖောက် ထွင်းခိုးယူနေသည့် အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထားဝယ်ကရော၊ ရေဖြူကပေါင်းပြီး ဝင်လာတာပါ။ လက်နက်တွေ ရခဲ့တာမျိုးလည်း မရှိဘူး။ ကျနော်တို့ ရဲဘော်တွေအားလုံးလည်း ဘေးကင်းပါတယ်။ အခုထိရွာထဲမှာတော့ ရှိနေသေးတယ် ထင်တယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဓဝယ်အမျိုးသားလွတ်မြောက် ရေး တပ်တော် (DNLA) တပ်ခွဲ ၁ ၊ က္လားသစ္ဆတ်(ကျားသစ်နက်)တပ်ဖွဲ့ နှင့် ဘီလုံးပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြ ရန် တိုက်တွန်း အသိပေး တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

စစ်ကိုင်းမြို့ တပ်မ ၃၃ အတွင်းသို့ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် တပ်မဌာနချုပ် အတွင်း ထိရောက်စွာကျရောက်ပေါက်ကွဲပြီး ပြီးထိခိုက်သေဆုံးမှုရှိနိုင်   သံလွင်မြန်မာသတင်း မေလ ၃၁   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် အတွင်းသို့ ရှော့တိုက်ဒုံး...