Dawei News

Dawei News

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ခိုးယူနေသည့် စစ်သားများကို တိုက်ခိုက်မှု ၁၀ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ခိုးယူနေသည့် အ ကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ပြည် သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ထံမှ သိရသည်။

 

ဇူလိုင်လ ၂၄ ရက် ညနေ ၆ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းသို့ အင် အား ၇၀ ခန့်ဖြင့် ဝင်ရောက်လာပြီး ပြည်သူများ၏ နေအိမ်များတွင် တပ်စွဲကာ ပြည်သူပိုင် ပစ္စည်း များကို ခိုးယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/Pc7G3rx1d7U

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF၊ ADin Hmue – Dawei (ထားဝယ်-ပကဖ) နှင့် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ – DGRF (ထား ဝယ်-ပကဖ) ပူးပေါင်းပါဝင်သည့် သာဂရစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YYPDF)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁) နှင့်ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တပ်ခွဲ (၂) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...