Dawei News

Dawei News

ထားဝယ်မြို့နယ်၊ ဘုရားမဲဂိတ်ရှိ စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၉

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘုရားမဲဂိတ်ရှိ အကြမ်းဖက်စစ်သားများကို စနိုက် ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးသွားပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ် ခဲ့ ကြောင်း သိရသည်။

https://youtu.be/9ALmV8Zy6XE

အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDF နှင့် Dawei Guerrilla Revolutionary Force – DGRF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့် စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

အညာဒေသတွင် မောင်းပြန်လက်နက် ၁ လက်လျှင် ၃၅ သိန်းဖြင့် ထောက်ပို့နိုင် (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   လက်နက်ဝယ်ယူရေးအတွက် ကုန်ကျစရိမ်များပြားနေသည့် အညာဒေသတွင် လက်နက်တစ်လက် လျှင် ကျပ်ငွေ ၃၅ သိန်းဖြင့် ထောက်ပို့နိုင်ကြောင်း Myingyan Blcak Tiger...