Dawei News

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၆

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့်က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီး အသစ်ဆောက်လုပ် ထားသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary Force (DGRF) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန် တိုး မြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ၊ သတိပြုသွားလာ နေထိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...