Dawei News

Dawei News

ထားဝယ်မြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၄ ဦးထက်မနည်းသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၃

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်း၌ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ် သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) ထံမှ သိရသည်။

https://youtu.be/FLv9Cbs1-og

ဇွန်လ ၁ ရက်နေ့က ထားဝယ်မြို့နယ် လိပ်ကြယ်ပြောင်ကျေးရွာ၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ်၊ သရက်ငုတ်ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဥဩ စစ်ကြောင်း (ထားဝယ်မြို့နယ်) ၊ KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ များမှ ရဲဘော်များ အထိခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒေသတွင်းနိုင်ငံများသည် ပြည်သူလူထု၏ မျက်နှာကို မကြည့်ဘဲ စစ်အာဏာရှင်များ၏ မျက်နှာကို ပိုကြည့်နေဟု NUG ယာယီသမ္မတ ပြောဆို (ရုပ်သံ)

ဒေသတွင်းနိုင်ငံများသည် ပြည်သူလူထု၏ မျက်နှာကို မကြည့်ဘဲ စစ်အာဏာရှင်များ၏ မျက်နှာကို ပိုကြည့်နေဟု NUG ယာယီသမ္မတ ပြောဆို (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ ဒေသတွင်းနိုင်ငံများသည် ဒုက္ခနှင့် နေ့တိုင်းအချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရသည့် ပြည်သူလူထု၏ မျက်နှာကို မကြည့်ပဲ စစ်အာဏဦရှင်များ၏ မျက်နှာကို ပိုကြည့်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄...