Dawei News

Dawei News

ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းသို့ စစ်အင်အားဖြည့်ရန် လာရောက်သည့် မြေသယ်ကား ၂ စီး ကို တိုက်ခိုက်မှု ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်သွားပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့် သေဆုံး

 

D Day News

ဧပြီလ ၁

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းအတွင်းသို့ စစ်အင်အားဖြည့်တင်းရန် လာ ရောက်သည့် မြေသယ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးလမ်းဘေးထိုးကျတိမ်းမှောက် သွားပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့်သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် – BHA ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃၁ ရက် နံနက် ၇ နာရီမိနစ် ၃၀ ခန့်က ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်မှ ရေး – ထားဝယ် လမ်းမကြီးပေါ်အတိုင်း ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းသို့ စစ်အင်အား ဖြည့် တင်းရန် မြေသယ်ကား ၂ စီးဖြင့် လာရောက်သည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ ကား တစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့်သေဆုံးကာ အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကလိန်အောင်ဘက်ကနေ ထားဝယ်ဘက်ကို လာတာဗျ၊ ကျနော်တို့ သိရတဲ့အချိန်ဆို ရေပုံး လောက် ရောက်နေပြီ၊ လက်နက်ငယ်တွေနဲ့ ထိုးပစ်တာ၊ ကားမှောက်သွားတဲ့အချိန်မှာ ၄၀ မမနဲ့ ထပ်တာဗျ၊ နောက်ကားကို တိုက်ခိုက်ခဲ့တာ၊ ရှေ့ကားက ဇဟာကျေးရွာကို ရောက်သွားတာ၊ လက်နက်တွေတော့ မရလိုက်ဘူး၊ အဲဒီကားတစ်စီးမှောက်တဲ့အချိန်မှာ ရှေ့ကနေ ကျော်သွားတဲ့ကားကကောင်တွေ ပြန် ရောက်လာတာ” ဟု ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် -BHA တပ်ဖွဲ့တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြ ရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ အား လေးစားလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာ ဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်အမြန်ဆုံး ခိုလှုံ ဝင် ရောက်ကြရန် ဗထူးတပ်မတော် – BHA က အလေးနက်ထား တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...