DaungmintharPDF News

DaungmintharPDF News

ရေတာရှည်မြို့အဝင်၌ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှ ပြန်လာသော စစ်ကား ၃ စီးကိုမိုင်း ဆွဲတိုက်ခိုက်မှု တိုက်လေယာဉ်မောင်း ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦး သေဆုံး

 

D Day News

မတ်လ ၂၉

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့အဝင်၌ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှ ပြန် လာသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်မောင်း ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းမင်းသားညီနောင်စစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၈ ရက် ည ၉ နာရီ ၃၂ မိနစ်တွင် နေပြည်တော်၌ ကျင်းပသော တပ်မတော်နေ့ အ ခမ်းအနားမှ တောင်ငူအခြေစိုက် ခလရ ၂၆ တပ်ရင်းသို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပြန် လာသော စစ်ကား ၃ စီးကို ရေတာရှည်မြို့မြောက်ဘက် မြို့အဝင် ဘာဝတီ (လယ်/ယာ) ရုံးခွဲအနီး အရောက်မိုင်းဆွဲတိုက်ခဲ့ရာ တိုက်လေယာဉ်မောင်း ဒုဗိုလ်မှူးကြီးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားတစ်စီး ပျက်စီးပြီး ကားပေါ်ပါ ဒုဗိုလ်မှူးကြီး၏ နောက် လိုက်ပါလာသော စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ညတွင်းချင်း နေပြည်တော်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

သတင်းရလို့ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ၊ ဒုဗိုလ်မှူးကြီးအပါအဝင် ၅ ဦးသေတာ၊ အဲဒါကြောင့် စစ်ခွေးတွေ အများကြီး ကင်းချပြီးတော့နေပြည်တော်ကို ညတွင်းချင်း အလောင်းတွေသယ်သွားတာ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဒီမနက်ပဲ ဘေးကင်းကင်းနဲ့နေရာတကျပြန်ရောက်ပြီဗျ” ဟု ဒေါင်းမင်း သား ညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

သံတောင်မြောက်ပိုင်း အထူးဒေသ၊ သံတောင်မြောက်ပိုင်း အထူးဒေသ UG တပ်ခွဲ ၄ ဒေါင်းမင်းသား ညီနောင်စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ ယာဉ်များအနီး ကပ်လိုက်ခြင်း၊ ယှဉ်တွဲလိုက်ပါခြင်း မပြုလုပ်ကြရန် သတိပေးပေးမေတ္တာ ရပ်ခံ ထားသည်။

Photo – ပုံဟောင်း

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...