Danu News

Danu News

ပြည်ပမှ တင်သွင်းရသည့် စိုက်ပျိုးရေးသုံး ဆေးများ ပြတ်လပ်မှု၊ ဈေးမြင့်တက်မှုတို့ကြောင့် အရောင်း ဆိုင်များ၊ တောင်သူများ အခက်အခဲတွေ့နေ

 

D Day News

ဩဂုတ်လ ၂၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ပမှ တင်သွင်းရသည့် စိုက်ပျိုး ရေး သုံးဆေးများ ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် အရောင်းဆိုင်များ၊ တောင်သူများ အခက် အခဲတွေ့နေရကြောင်း ဒေသသတင်းရင်းမြစ်များက ‌D Day News သို့ ပြောကြားသည်။

 

ပြည်ပမှ တင်သွင်းရောင်းချနေသည့် စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများ အရောင်းရပ်ဆိုင်းရန်ရှိကြောင်း စိုက်ပျိုးရေးဆေးကုမ္ပဏီ တစ်ခုမှ မန်နေဂျာထံက သိရသည်။

“ဆေးတွေက ပစ္စည်းရှိရဲ့နဲ့ အရောင်းရပ်ဖို့ကိုရှိနေတာ ၊ခုဆို အရောင်းရပ်ဖို့လုပ်နေကျပြီး ဘယ်ချိန်ထိ ရပ်နားမလဲတော့ ကျွန်တော်တို့ မသိဘူး ၊သေချာတာက တောင်သူတွေ အသုံးများတဲ့ ဆေးတွေ ပြတ် တောက်သွားနိုင်တယ် “ဟု စိုက်ပျိုးရေးဆေးကုမ္ပဏီ တစ်ခုမှ မန်နေဂျာ ပြောကြားသည်။

 

လက်ရှိစျေးကွက်တွင် အသုံးပြုနေသည့် စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများမှာ စျေးအဆမတန် မြင့် တက်လျက်ရှိပြီး ကုမ္ပဏီမှ ပြန်လည်မှာယူရန် ခက်ခဲမှုများရှိကြောင်း စိုက်ပျိုးရေးဆေး ရောင်းချသူ များက ပြောဆိုသည်။

 

“အရင်က အစစ အရာရာ စျေးတက်နေတယ်ဆိုပေမယ့် ပြန်ဝယ်ရလွယ်တယ်လေ ။ ခု စိုက်ပျိုးရေး မှာ မရှိမဖြစ် မသုံးမဖြစ် သုံးနေတဲ့ဆေးက နာရီပိုင်းအတွင်း စျေးတွေက တက်နေတယ် ။ ကုမ္ပဏီ ပစ္စည်း ပြန်မှာချိန်ကျ ကိုယ်ရောင်းလိုက်တဲ့ စျေးထက်မြင့်နေတဲ့အပြင် ပစ္စည်းက မရှိတော့ အခက် တွေ့ရတယ် “ဟု ၎င်းကဆိုသည်။

 

တောင်သူများအသုံးများနေသည့် ပေါင်းသတ်ဆေး၊ မှိုဆေး ၊ ပိုးသတ်ဆေး များအပြင် အသီးနှင့် အ ပွင့် အားဆေးများစျေးနှုန်းမြင့်တက် သကဲ့သို့ လုပ်ငန်းသုံးဆက်စပ် ပစ္စည်းများလည်း စျေးမြှင့်တက် လျက်ရှိကြောင်း သိရသည်။

 

“ဆေးစျေးတွေတက်လည်း သီးနှံ ရနေရင်တော့ ပြဿနာမဟုတ်ပါဘူး ၊ ခုက ဆေးစျေးကတက်၊ မိုး က မမှန်တော့ သီးနှံက ပျက်။ ရတဲ့စျေးနဲ့ရောင်းပြန်တော့ ဆေးဖိုးနဲ့ မကာမိဘူး ၊ ဒီကြားထဲ ဆေဖျန်း မှားရင် တခင်းလုံးလျော(ပျက်စီးဆုံးရှုံး)ပဲ “ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

 

လက်ရှိ စိုက်ပျိုးရေး စျေးကွက်တွင် မြန်မာပြည်တွင်းထုတ််စိုက်ပျိုးရေးသုံး ဆေးများအပြင် တရုတ် နိုင်ငံ ၊ စင်ကာပူနိုင်ငံ နှင့် ယိုးဒယားနိုင်ငံ များမှထုတ်လုပ်သည့် ပစ္စည်ရှိသော်လည်း တရုတ်နိုင်ငံမှ စမ်းသပ်ထုတ်ဖော် တင်းသွင်းရောင်းချနေသည့် ဆေးများမှာ တောင်သူများကြားတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...