ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံးပြီး ၈ ဦးအရှင်းဖမ်းမိ၊ လက်နက် ၁၉ လက် သိမ်းဆည်းရရှိ
D Day News
ဩဂုတ်လ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLF/DPLA ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်အချိန်က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLF/DPLA) အခြေစိုက်လှုပ်ရှားရာ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသဘက်သို့ အကြမ်းဖက် စစ် တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦး သေဆုံး ပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက တစ်ကြောင်းပဲ ထိုးလာတာပါ၊ အခုတော့ ပြန်ဆုတ်သွားပါပြီ၊ ကျနော်တို့ တပ်ဖွဲ့ဝင် ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော် – DPLF/DPLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
D Day News