Danu News

Danu News

ရွာငံမြို့နယ်တွင် အဓမ္မစစ်သားစုဆောင်းထားသူများကို လာခေါ်သည့် ယာဉ်တန်းအား မိုင်းဆွဲတိုက် ခိုက်မှု ရဲ ၄ ဦးသေဆုံး

 

D Day News

မေလ ၁၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်တွင် အဓမ္မစစ်သားစုဆောင်းထားသူ များကို လာရောက်ခေါ်ဆောင်သည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

မေလ ၁၄ ရက် နံနက် ၉ နာရီအချိန်က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၌ အတင်းအဓမ္မစစ်သားစု ဆောင်းထားသူများကို ခေါ်ဆောင်ရန် ရွာငံမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့မရဲစခန်းတို့မှ ဟိုက်ဂျက်ကား ၄ စီးဖြင့် ထွက်ခွာလာသည့် စစ်သား၊ ရဲ ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကို နွားဘန်းကြီးလမ်း၊ မုံလည် လမ်းခွဲအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့ဆုံးမှ ထွက်ခွာလာသည့် လုံခြုံရေးကားကို မိုင်းထိမှန်ခဲ့ပြီး ရဲ ၄ ဦး သေဆုံးကာ ရဲမေ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်မှ လိုက်ပါလာသော ကားများပေါ်ရှိ အ ကြမ်းဖက်စစ်သား၊ ရဲများက အနီးပတ်ဝန်းကျင်အား မိနစ်အနည်းငယ်ခန့် ရမ်းသမ်းပစ်ခတ်ကာ သေ ဆုံးဒဏ်ရာရရှိသူများကို တင်ဆောင်ပြီး ရွာငံမြို့နယ်ပြည်သူ့ဆေးရုံကြီးသယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YNPDF (ရွာငံပကဖ) တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ဓနုအခြေစိုက် ၁၀၀၃ တပ်ရင်း တပ်ခွဲ ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...