Danu News

Danu News

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မူးယစ်ဆေးဝါးများပေါ်တင် သယ်ဆောင်လာသည့် ကား ၂ စီးကို PDF က ဖမ်းမိ (ရုပ်သံ)

 

D Day News

မေလ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ စစ်တပ်ဂိတ်အသီးသီးဖြတ်သန်း ကာ မူးယစ်ဆေးဝါးများ ပေါ်တင်သယ်ဆောင်လာသည့် ကား ၂ စီးကို မှော်ဘုရင် စစ်ကြောင်းက ဖမ်း မိခဲ့ကြောင်း ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ ထံမှ သိရ သည်။

 

မေလ ၄ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က ဓနုဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးများ ပေါ်တင်သယ်ဆောင်လာသည့် Vigo အဖြူရောင် ယာဉ် တစ်စီးနှင့် ၆ ဘီးယာဉ် ဖောကားတစ်စီးကို စစ်ဆေးကြည့်ရှုရာ ကားပေါ်တွင် မူးယစ်ဆေးဝါးများကို ဆာလာအိတ်ဖြင့်ထုတ်ပိုးပြီး ပေါ်တင်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သယ်ဆောင် လာသူ ၄ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ယင်း ၄ ဦးကို စစ်ဆေးပေါ်ပေါက်ချက်အရ မေလ ၅ ရက်နေ့တွင် ၂ ဦးထပ်မံဖမ်းဆီးရရှိခဲ့ ပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးကာ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ယာဉ် ၂ စီးကို သိမ်းဆည်းကာ မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရရှိသူများကို ကောင်းမွန်စွာ ထိန်းသိမ်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။

https://youtu.be/gCnGUfEWyek

“ဘာကာအဖုံးအကာမရှိပဲ ပေါ်တင်သယ်လာတာ။ ကျနော်တို့ ၁၀၀၃ တပ်ရင်းရဲ့ တပ်ခွဲ ၃ မှော်ဘုရင် စစ်ကြောင်းက နယ်မြေကင်းလှည့်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားတွေကို မိခဲ့တာ။ ကားနဲ့ပါလာတဲ့ ၄ ဦးအရင်မိတယ်။ ကားတွေရော ဥပဒေနဲ့အညီ သိမ်းပြီးတဲ့အခါကျတော့ စစ်ဆေးတဲ့အခါမှာ နောက်ထပ် ၂ ဦးဖမ်းမိတယ်။ သူတို့ကိုတော့ ကောင်းမွန်စွာထားပြီး စစ်ဆေးမေး မြန်းမှုတွေ ပြုလုပ်နေပါတယ်။ သူတို့ကို စစ်ဆေးတဲ့အချိန်မှာ မူးယစ်ဆေးဝါးတွေကို တင်ဆောင်လာ ပြီးတော့ စကစရဲ့ဂိတ်တွေကိုလည်း ဖြတ်လာတယ်လို့ သိရပါတယ်။” ဟု ဓနုအဒေသအခြေစိုက်ပြည် သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ မှ တာဝန်ရှိသူ တစ်ဦး ပြောကြားသည်။

 

ဖမ်းဆီးရရှိသူများကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထား သည့် ဥပဒေများနှင့်အညီ စစ်ဆေးမှုများပြုလုပ်နေပြီး ၎င်းတို့သည် အငှါးယာဉ်မောင်းများဖြစ် သည် ဟု ထွက်ဆိုထားကြောင်း၊ အချို့သောစစ်ဆေးမှုများပြုလုပ်ပြီးစီးပါက ပြန်လည်လွှတ်ပေး သွားမည် ဖြစ်ကြောင်း ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ က အသိပေး ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...