Daik U Jail News

Daik U Jail News

ဒိုက်ဦးအကျဉ်းထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ၇ ဦးဒဏ်ရာရပြီး အသက်အန္တရာယ်၊ လုံခြုံရေး စိုးရိမ်နေရ

 

D Day News

ဩဂုတ်လ ၂၀

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ အကျဉ်းထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် အကျဉ်းသူ ၇ ဦး ဒဏ်ရာ ရရှိပြီး အသက်အန္တရာယ်၊ လုံခြုံရေးအထူးစိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ထံမှ သိရသည်။

 

ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ဒိုက်ဦးထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသား အင်အား (၅၀) ဦးခန့်နှင့်အမျိုးသမီးဝန်ထမ်း (၇) ဦးခန့်တို့သည် အမျိုးသမီးအဆောင်သို့ လေးခွ ၊ ရာဘာတုတ်၊ ကျဉ်စက်များ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ပြီး ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူ တစ်ဦး ကို မိသားစု ဧည့်တွေ့မှ ပါလာသည့် ပစ္စည်းတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဆိုကာ မတရားဖမ်းချုပ်ခေါ်ထုတ်ရန်လာရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ခေါ်ဆောင်ရာတွင် ကောင်းမွန်သည့် အကြောင်းပြချက်‌ပေး၍ခေါ်ထုတ်ခြင်းမဟုတ် ပဲ အတင်းအဓမ္မအင်အားသုံး ခေါ်ဆောင်သည့်အတွက် ခေါ်ဆောင်ခံရသူ နိုင်ငံရေးအကျဉ်းသူက မ လိုက နိုင်ကြောင်း ရှင်းပြသည့်အပေါ် အမျိုးသမီးဝန်ထမ်း၂ ပွင့်အရာရှိ စန်းနွယ်ဦး မှ အမျိုးသား ဝန် ထမ်းများကို အတင်းအဓမ္မအခန်းတွင်းဝင်ရောက်ဆွဲခေါ်ထုတ်ရန် စေခိုင်းခဲ့ကြောင်း သိရသည်။

အမျိုးသားဝန်ထမ်းများက အခန်းအတွင်း ဝင်ရောက်ခေါ်မထုတ်သဖြင့် စန်းနွယ်ဦး မှ အမျိုးသမီး အဆောင်အခန်းထဲထိ ဝင်ရောက်ကာ  နိုင်ငံရေးကျဉ်းသူ၏ ဆံပင်ကိုဆွဲ၍ ရိုက်နှက်ခေါ် ဆောင်မှု အပေါ် လက်မခံနိုင်သည့် နိုင်ငံ‌ရေးအကျဉ်းသူများမှ ကြားဝင်ဖြေရှင်းပေးခဲ့ကြောင်း၊ ထိုသို့ ဝန်ထမ်း များက ခေါ်ဆောင်မှုကို ဝိုင်းဝန်းကာကွယ်ပေးသည်ဟုဆိုကာ အခြားနိုင်ငံရေး အကျဉ်းသူများ ကိုပါ အကျဉ်းထောင်ဝန်ထမ်း အင်အား(၅၀)ခန့်မှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

 

အကျဉ်းထောင်ဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ (၇) ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ပြီး *အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ထားသည်။

 

လက်ရှိရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင် မှ ပြောင်းရွေ့ခံထားရသူများဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...