D Day News Note

D Day News Note

D Day News သတင်းဌာနရဲ့ “ပေးစာကဏ္ဍ”

 

D Day News

စက်တင်ဘာလ ၂၇

 

ဒီနေ့မှာတော့ DOUNG NI People Defence Force – DNPDF တာဝန်ခံ ကိုလက်ျာ ကနေ ရေးသား ပေးပို့ လာတဲ့ စာတစ်စောင်ကို တင်ပြချင်ပါတယ်။

 

“ခများတို့ အထင်သေးနေတဲ့အညာ ၊ ဗိုလ်တွေများတယ်လို့ ပြောပြောနေတဲ့အညာ ၊ စစ်တလင်းပြင် ဖြစ်လို့ မီးခိုးတလူလူထွက် မီးလောင်ပြင်ပြာမှုန့်တွေ ဖုန်းလွှမ်းနေတဲ့အညာ၊ အမျိုးသမီးတွေ့ရင် ဖမ်း ဆီးနှိပ်စက် မုဒိမ်းကျင်ခံ‌နေရတဲ့အညာ။

 

ထွန်ထယ်ကိုင်တဲ့လက်တွေ စပါးရိတ်တဲ့လက်တွေ သားသမီးတွေ ပညာတက်ကြီးဖြစ်စေချင်လို့ ရွံ့ တွေ ဖင်ထဲထိဝင်အောင် နွားနဲ့အတူ ထမ်းပိုး တင်ပေးနေတဲ့ ဖခင်တွေ ရှိတဲ့အညာ။

 

ပညာတစ်ဝက် တစ်ပြတ်နဲ့ ကို့လွပ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့နဲ့ တိုက်ယူ‌နေရတဲ့ ၉ တန်း၊ ၁၀ တန်း မတက် လိုက်ကြရတဲ့ တက်လူကလေးတွေ ရှိတဲ့အညာ။ ငပိရည်ရှိရင် ရပီဆိုတဲ့ ခများတို့ပြောတဲ့ တောသား ရဲဘော်တွေ ရှိတဲ့အညာ။

 

အို အို အကုန်ပါပဲဗျာ အညာဒေသမှာတွေ့နေရတဲ့ စိတ်တွေခံစားရတာတွေ ပြောရရင် တစ် ထောင့်တစ်ည ပုံပြင်တွေလို ပြီးမှာမဟုတ်။

 

ပျော်ရွှင်မှုအေးချမ်းမှုနေရာမှာ စိတ်ဒဏ်ရာဒဏ်ချက်တွေ ပူပင်သောကတွေ နဲ့ပြည့်လို့…

အေးပေါ့လေ တောသားတွေ မျက်ရည်မချုတက်ခဲ့ဘူး။

လူတွေအထင်ကြီးအောင် မုသားတွေနဲ့လည်း မပြောတက်ခဲ့ဘူး။

Celebritys တွေလည်း မပေါခဲ့ဘူး။

Media Attention တွေ မယူတက်ခဲ့ကြလေတော့

 

ရဲဘော်တွေမှာ ဘယ်ပြည့်စုံပါလိမ့်မလဲလေ။

 

(ကျည်ကာ/ကျည်ကာဦးထုပ်/ပွိုင့်ဖိနပ်ကစလို့ ယူနီဖောင်း) တွေနဲ့ မြို့ကြီးသားတွေကြည့်ပြီးပဲ အားကျပြီး နေခဲ့ကြရတာပေါ့။

ကျွန်တော်တို့ ရှမ်းမန်းမတိုင်ခင် မိုးကုတ်ဗျုဟာနဲ့အတူ တိုက်ပွဲ‌တွေလည်းတိုက်ခဲ့တယ်။ နွေဦးတော် လှန်ရေး စကတည်းက ကြိုးစားပြီး လုပ်နိုင်တဲ့ အကန့်အသက်ထဲကနေ တိုက်ပွဲတွေ ပုံဖော် တိုက် ခဲ့တာတွေ ရှိနေပေမဲ့ ကျွန်တော်တို့ ထောက်ပံ့ကူညီမှုဆိုလို့  မိတ်ဆွေတွေဆီကသာ အနည်းငယ်ရခဲ့တာပါ။

 

စစ်ကိုင်းတိုင်းက အိမ်တွေ လူတွေ အကုန်မရှိကြတော့မှ ခများတို့ သနားပြမှာလား ငိုပြမှာလား။

 

ခများတို့ ပြောတဲ့ စစ်ကိုင်းက မညီညွတ်ဘူး/ ဆိုးမိုက်တာတွေများတယ်/ ပရမ်းပတာ ဘာညာဘလာ ဘလာပေါ့ဗျာ။အမိန့်နာခံမှုမရှိဘူးဘာညာပေါ့‌ဗျာ။

 

မေ့စမ်းပါဦးမယ် “ခများတို့ လူကြီးဆိုတဲ့ တာဝန်ရှိပါတယ်ဆိုတဲ့ လူ တွေကရော ဘယ်တုန်းက စစ် ကိုင်း မြေပြင်အထိဆင်းလာပြီး တိုးတက်လာအောင် အားအင်စုစည်းမှု တွေ ဖြစ်လာအောင်ကြိုးစား ဖူးလဲ။

 

ပြစ်မှုပြစ်ဒဏ်ကျူးလွန်နေတဲ့ ရဲဘော်တွေ/အဖွဲ့အစည်းတွေ/ ပြည်သူလူထုကို သေနတ်တကိုင်ကိုင်နဲ့ ခြိမ်းခြောက်စော်ကား‌‌နေတာတွေကို အဖြေရှာပြီး ဥပဒေလမ်းကြောင်းအတိုင်း အရေးယူမှုတွေ လုပ် ကြဖူးလဲ။

 

ရမ်းကားရင်ပဲဖြစ်ဖြစ်၊ လူသတ်သတ်၊ ဓားပြတိုက်တိုက် နောက်ဆုံး ဘာမှအရေးယူအပြစ်ပေးတာမျိုး မရှိပဲ ဒီလူတွေက ပလဖ ဆိုတဲ့ ပြည်သူ့ရဲတွေတောင် ဖြစ်ကုန်ကြလေရဲ့ ပြည်သူတွေနေနဲ့ကရော ဘယ်သူ့ကိုအဖခေါ်ပြီး ဘယ်သူ့ကိုကြောက်နေရမလဲဆိုတာ မသဲကွဲတော့…။

 

ပြည်သူသာအမိပြည်သူသာအဖဆိုတဲ့ ပကဖ/ပအဖ အဖွဲ့ကြီးတွေကလည်း ပြည်သူမကြိုက်တဲ့ လူ တွေကိုတောင် ဖြုတ်ချပေးလို့ မရဘူးဆိုပဲလေ။

 

စကစလက်ထက်ကအုပ်ချုပ်ရေးမှုးတွေ ထက်တောင်ပိုဆိုးလို့ ။

 

ရာထူးဆိုတာ နေရာမဟူတ်ဘူး တာဝန်ဆိုတာ ခများတို့ နည်းနည်းလောက်သိရင်ကိုရပါပြီ။ နောက် ပြီးတော့ ကိုယ့် မြို့နယ်တွင်းမှာရှိနေတဲ့အဖွဲ့အစည်းတွေကို တိုးတက်ရာတိုးတက်ကြောင်း စည်းလုံး ညီညွတ်ဖို့ အကြောင်းတွေက ခများတို့ လုပ်ရမယ်မဟုတ်ဘူးလား။

 

ပြည်သူ့ငွေတွေနဲ့ လက်သာရာပဲ ပေးကမ်းစွန့်ကြဲ ကိုယ့် အောက်မဝင်ရင် ၊ ကိုယ်နဲ့ သဟဇာတမဖြစ် ရင် ဥပက္ခာပြုထားပြီးတော့Transparency မရှိပဲ လုပ်ချင်တာလုပ်နေတာတွေ အမျိုးမျိုးပါပဲ ဒီ့ထက်ပို ပြောလို့ မကောင်းတော့ဘူး။

 

NUG/MOD ကိုလည်း မေတ္တာရပ်ခံတောင်းဆိုချင်တာက အောက်ခြေကိုမြင်သာအောင်ကြည့်ပေးပါ ဟိုးးးး အောက်ခြေရဲဘော်တွေ အထိမြင်သာအောင် ကြိုးစားကြည့်ပေးပါ ဒီလောက်ပါပဲ။

 

ရေးသားပေးပို့သူ = DOUNG NI People Defence Force – DNPDF တာဝန်ခံ ကိုလက်ျာ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story News

Story News

ပေးစာကဏ္ဍ "မုံရွာရဲ့လတ်တလောမြင်ကွင်း"   မုံရွာသူ   ဖောင်း ဒိုင်း အုံး မြည် စုံစီအသံ နေ့စဉ်ညံလို့ အမှန်ကြားနေ အညာမြေမှာ။ ။   နမခတပ် ရမ်းပစ်ခတ်တဲ့ လက်နက်ကြီးတွေ သေဆုံးထိနာ အပြစ်မဲ့ပါ။ ။   ဘာညာတိုက်ပွဲ မရှိပါဘဲ တိုင်းမှူးအလှူ...