Crime News

Crime News

နမ့်ဆန်မြို့နယ် အုမ်းတက်ရွာ၌ မီးလောင်မှုဖြစ်ပြီး နေအိမ် ၃ လုံးနှင့်အတူ အသက် ၂၀ အရွယ် အမျိုး သားတစ်ဦး မီးလောင်သေဆုံး

 

D Day News

မေလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်အုပ်စု၊ အုမ်းတက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပြီး နေအိမ် ၃ လုံးနှင့်အတူ အသက် ၂၀ အရွယ်အမျိုးသား တစ်ဦး မီးလောင် သေဆုံး ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့မေလ ၁၅ ရက် နံနက် ၅ နာရီခန့်က နမ့်ဆန်မြို့နယ် ကွမ်ဟယ်အုပ်စု၊ အုမ်းတက်ကျေးရွာရှိ ယာမယ်ကျော်ထွန်းဆိုသည့် နေအိမ်အတွင်းရှိ မီးအကြွင်းအကျန်မှတဆင့် စတင်မီးလောင်ကျွမ်း ခဲ့ ခြင်းဖြစ်ပြီး အနီးရှိ ဘေးကပ်လျပ် နေအိမ် ၂ အိမ်ပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း သိရသည်။

 

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အတွင်းအိပ်ပျော်နေသည့် အသက် ၂၀ ကျော်အရွယ် မိုင်း အောင် မီးလောင်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ မိုင်းအောင်သည် ဆွံအနားမကြားဝေဒနာ ခံစားနေ ရသူဖြစ်သဖြင့် မီးလောင်မှုဖြစ်ပွားချိန်တွင် ရုန်းမထွက်နိုင်ခဲ့ပဲ မီးလောင် သေဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းသွားသည့်အိမ်များသည် သွပ်ပျဥ်ထောင်နှစ်ထပ်အိမ်ဖြစ်ပြီး မီးအရှိန်များသဖြင့် ဘေးအိမ်နှစ်အိိမ််ပါကူးစပ်လောင်ကျွမ်းခဲ့ကာ နေအိမ်အတွင်းပစ္စည်းများအားလုံး မီးအတွင်းပါသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်သည့်နေရာသို့ PSLF/ TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ် ၃ အိမ်၏ မိသားစုဝင်များကို PSLF/ TNLA အုပ်ချုပ်ရေး ဌာန မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်းရန်ဖြစ်ပြီး စကေဘာနဲ့ထိုးသတ်မှု ပျူစောထီး ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်း စကားများရန်ဖြစ်ပြီး စကေဘာဖြင့် ထိုးသတ်ရာ ပျူစောထီး ၁ ဦးသေဆုံးသွား...