Chin State News

Chin State News

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF Matupi တပ်မဟာ ၁ ကို AA က လက်နက်ခဲယမ်းများကူညီ ထောက်ပံ့

 

D Day News

စက်တင်ဘာလ ၂၉

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော CDF Matupi တပ်မဟာ ၁ ကို ရခိုင့်တပ်တော် -AA က လက်နက်ခဲယမ်းများထောက်ပံ့ပေးခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်မှ လက်နက်ခဲယမ်း အချို့ ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကာ ထောက်ပံပေးခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ် တော် – AA တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းအခမ်းအနားတွင် အာရက္ခတပ်တော် – AA နှင့် မတူပီ-တပ်မဟာ-၁ တို့ အဖွဲ့အစည်းနှစ်ခုကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်း မှုကို ယခုထက်ပိုမို အားကောင်းစေရေး၊ အိမ်နီးနားချင်း အတူ နေထိုင်လာကြသော မိမိတို့လူမျိုး အချင်းချင်း အကြား ချစ်ခင်ရင်နှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက် တပ်မှူးများမှ ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ချင်းပြည်အတွင်းရှိ အကြမ်းဖက်စစ် ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်း မဟာမိတ် ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့ အပေါ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (တပ်မဟာ-၁) အနေဖြင့် အာရက္ခတပ်တော် အား လေး နက်စွာ အထူးကျေးဇူးတင်ရှိပါကြောင်း CDF Matupi တပ်မဟာ ၁ က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ၌ တွေ့ရှိရသော အလောင်းများမှာ တိုက်ပွဲ အတွင်း သေဆုံးသွားသော စစ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင် သုခက ပြောကြားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်...