Chin State News

Chin State News

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အားပေးကူညီသူများအား ပြင်း ထန်စွာအရေးယူမည်ဟု PDF Zoland ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၇

 

ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို အားပေးကူညီသူ များအား ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်သည်။

 

အာဏာလု အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အိမ်ထောင်စု စာရင်း၊ သန်းခေါင်စာရင်းများ ကောက်ယူရန် ကြေညာချက် ထုတ်ပြန်လာကြပြီး ၎င်းကြေညာ ချက် အား ZFU/PDF Zoland မှာ လုံးဝ ကန့်ကွက်သည်ဟု PDF-Zoland page တွင် ထုတ်ပြန် ကြေညာ ထားကြောင်း အသိပေးထားသည်။

 

အများပြည်သူ အကျိုးအတွက်မဟုတ်ဘဲ မိမိတို့အာဏာ သက်ဆိုးရှည်ရေးအတွက် အဓမ္မကြိုးပမ်း ခြင်းသာ ဖြစ်သည့်အတွက် ချင်းပြည်နယ် (Zogam) အတွင်း အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို အားပေး၊ ကူညီသည့် မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း ZFU/PDF Zoland က ထုတ်ပြန်ထားခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...