ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၆

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက် နံနက် ၂ နာရီ ၃၀ မိနစ်မှ စ၍ ဟားခါးမြို့မရဲစခန်းတွင် စစ်ကော်မ ရှင်က မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသော CDF-Hakha ရဲဘော် ၃ ဦးနှင့် CNA ရဲဘော် ၂ ဦးတို့ အား ကယ်ထုတ်နိုင်ရန် အထူးမစ်ရှင်တစ်ခုဖော်ဆောင်ခဲ့ရာ တော်လှန်ရေးရဲဘော်အကျဥ်းသား ၅ ဦး အပြင် အခြားအကျဉ်းသား ၁၀ ဦးလည်းခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းမစ်ရှင်အတွင်း အကြမ်းဖက်စစ်သား ၆ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ နံနက် ၄ နာရီတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ မစ်ရှင်ဖော်ဆောင်နိုင်ခဲ့သော်လည်း တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက် မထင်မှတ်ထားသည့် ရန်သူ့ကျည်ဆံတစ်ထောင့်ထိမှန်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

“CDF Hakha ကနေ ဦးဆောင်ပြီး အကျဉ်းသား ကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေး ဖော်‌ ဆောင်မှုပေါ့၊ CNA ရဲဘော် ၂ ဦး၊ CDF ရဲဘော် ၃ ဦးအပါအဝင် ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့တယ်။ အကျဉ်း သားအချက်အလက်တော့ မရသေးပါဘူး။ ခွေး ၆ ကောင် ရှင်းနိုင်ခဲ့တယ်။ ၁၅ ကောင်ဒဏ်ရာရတယ်၊ လက်နက်လည်း ရခဲ့ပါတယ်။ တော်လှန်ရေး ရဲဘော်တစ်ဦးကျတယ်။ အထိအခိုက်မရှိပါဘူး။ အကျဉ်း သားတွေလည်းကိုလည်း လုံခြုံတဲ့နေရာ ရောက်ကြပါပြီ” ဟု ချင်းအမျိုးသားတပ်ဦး – CNA ပြောရေး ဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးကို CDF-Hakha စစ်ဦးစီးချုပ်နှင့်တပ်မဟာ ၄ တပ်မဟာမှူးတို့ ကိုယ်တိုင်ကြီး ကြပ်ကွက်ကဲမှုဖြင့် CDF-Hakha ရဲဘော်များနှင့် ချင်းအမျိုးသားတပ်မတော် -CNA ရဲဘော်များ ပူး ပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့တွင်း၌ လုံခြုံရေးတင်းကြပ်ကာ ဟားခါး မြို့ပြင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရ သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ပစ်မှတ် ထားကာ ရည်ရွယ်ချက်ရှိ ရှိ တိုက်ခိုက်တတ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီး ပြန်လာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီး ပြန်လာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern Yesagyo PDF တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၅...